
သီတဂူဆရာတော်၏ လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်းတစ်ထောင် ပေးအပ်လှူဒါန်း
သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၏ လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကရုဏာအလှူတော်ငွေ ကျပ်သိန်းတစ်ထောင်ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က ကရင်ပြည်နယ် ဘားအံမြို့ရှိ စိတ္တဝိဝေကတောရကျောင်းတိုက်၌ ကျင်းပသည်။

ပေးအပ်လှူဒါန်းပွဲသို့ စိတ္တဝိဝေကတောရကျောင်းဆရာတော် ဘဒ္ဒန္တသုစိတ္တအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ကရင်ပြည်နယ်မှ တာဝန်ရှိသူများ၊ သီတဂူဆရာတော်ကြီး၏ ကပ္ပိယဆရာငြိမ်း ဦးဆောင်သည့်အဖွဲ့ တက်ရောက်ကြသည်။

ထို့နောက် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကရုဏာအလှူတော်ငွေကျပ် သိန်းတစ်ထောင်ကို စိတ္တဝိဝေကတောရကျောင်းဆရာတော်နှင့် တာဝန်ရှိသူများထံ သီတဂူဆရာတော်ကြီး၏ ကပ္ပိယဆရာငြိမ်းဦးဆောင်သည့်အဖွဲ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
More Stories
မြန်မာနိုင်ငံတော် ယာယီသမ္မတ ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်တက်ရောက်ရန် ရုရှားနိုင်ငံသမ္မတ၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ထွက်ခွာ
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ မော်စကိုမြို့တွင်ကျင်းပမည့် ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်တက်ရောက်ရန် အလုပ်သဘောခရီးစဥ်အဖြစ် ယနေ့ စက်တင်ဘာ ၂၄ ရက်နံနက်ပိုင်းက နေပြည်တော်လေဆိပ်မှ အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။ ခရီးစဥ်အတွင်း၌...
ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲမှာ မြန်မာကလေးငယ်အဖွဲက AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားနဲ့ ပထမဆုရ
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြိုမှာ စက်တင်ဘာ ၁၈ ရက်ကနေ စက်တင်ဘာ ၂၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ် ပြိုင်ပွဲ (World Robot Olympiad Asia Pacific Open Championship) ပွဲမှာ...
ပြည်ထောင်စုတစ်ဝန်းယှဥ်ပြိုင်မည့်ပါတီများ မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံကိုမဖြစ်မနေဝင်ပြိုင်ရမည်
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုပြင်ဆင်သည့် ဥပဒေကို စက်တင်ဘာလ(၂၁)ရက် ရက်စွဲဖြင့် ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။ အဆိုပါ ပြင်ဆင်ပြဋ္ဌာန်းသည့် နစက လက်ထက်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေ၏ ပုဒ်မ(၁၂)...
ရွေးကောက်ပွဲ၌ မိမိတို့ရွေးချယ်မည့် ရွေးကောက်ခံကိုယ်စားလှယ်များသည် နိုင်ငံကောင်းအောင်ဆောင် ရွက်နိုင်မည့်သူများဖြစ်ရန်လို
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်တင်ဘာ ၁၉ ရက်မွန်းလွဲပိုင်းက တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာများဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " ဆန္ဒမဲပေးတဲ့အခါမှာ မိမိတို့ရွေးချယ်မယ့် ရွေး...
ထားဝယ်လေဆိပ်အား အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေပြီး ဘုတ်ပြင်း၊ ကော့သောင်း စသည့် ကျွန်းပတ်လေကြောင်းခရီးစဉ််များ တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း ယာယီသမ္မတ ပြောကြား
ထားဝယ်လေဆိပ်အား အဆင့်မြှင့်တင်တိုးချဲ့နိုင်ရေး ဆောင်ရွက်နေပြီး ဘုတ်ပြင်း၊ ကော့သောင်း စသည့် ကျွန်းပတ်လေကြောင်းခရီးစဉ််များ တိုးချဲ့ပြေးဆွဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်...
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တရုတ်-အာဆီယံစီးပွားရေးခေါင်းဆောင်များဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြား
“အာဆီယံကို ဉာဏ်ရည်တုနည်းပညာဖြင့် ချိတ်ဆက်၍ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်ကို မျှဝေခြင်း” ဆောင်ပုဒ်ဖြင့် တရုတ်-အာဆီယံစီးပွားရေးခေါင်းဆောင်များဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နန်နင်းမြို့ရှိ Grand Metropark Hotel ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော...