
(၈-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၈-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
၂။ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်သရုပ်ပြပွဲနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲတက်ရောက်
၃။ မှတ်ပုံတင်စမတ်ကတ် ထုတ်ပေးမှု ဇူလိုင် ၇ ရက်တွင် ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်ပေးမည်
၄။ နိုင်ငံရေးသမားများ တပ်မတော်ကို နားရွက်တံတွေးမစွပ်ရန်လိုကြောင်း PPP အထွေထွေအတွင်းရေးမှုး ဒေါက်တာ မျိုးဆက်သွေးပြော
၅။ ကန့်ဘလူမြိုနယ် သီရိမွန်ကျေးရွာအနီးရှိ NUG စခန်း ဗုံးကြဲ ရှင်းလင်းခံရ၊ အကြမ်းဖက် (၁၃) ယောက်ခန့် သေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရ
၆။ အချင်းချင်းတောင်မရှောင်ဘဲ ဗကသ အမျိုးသမီးတစ်ဦးထံမှ လိင်ပိုင်းဆိုင်ရာ အဓမ္မရယူရန် ကြိုးစားခဲ့သူနှစ်ဦးကို ထိရောက်သည့် အရေးယူမှုမလုပ်ဘဲ အဖွဲချုပ်မှ ထုတ်ပယ်ခြင်းဖြင့်သာ အရေးယူ
၇။ KNPP၊ KNDF၊ FBR အဖွဲများနှင့် PDF လက်နက်ကိုင်များ ယာယီသိမ်းပိုက်ထားသည့် မိုးဗြဲမြိုအား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်သိမ်းပိုက်
၈။ ဇူလိုင်လ ၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၈၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၁၅ ကျပ်၊ Octane 95 – ၃၀၇၅ ကျပ်၊ Diesel – ၂၆၃၅ ကျပ်၊ Premium Diesel – ၃၂၆၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ Reuters သတင်းဌာန၏ X အကောင့် အိန္ဒိယတွင်ရပ်ဆိုင်းခံရ
၂။ ယူအက်စ်ဆန့်ကျင်သော ဘရစ်နိုင်ငံများကို အခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးမည်
၃။ စင်ကာပူနိုင်ငံ၊ SMRT Bus နံပါတ် ၁၉၀ ကို လမ်းပေါ်က လူက ပုလင်းနဲ့ပစ်ပေါက်လို ကားပေါ်က အမျိုးသမီးတစ်ဦး ဒဏ်ရာရ
၄။ ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာ ၁၉၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် စန်မြစ်ကို အများပြည်သူ ရေကူးဖို ဖွင့်လှစ်
၅။ တက္ကဆပ်စ်ရေကြီး၍ သေဆုံးသူ အရေအတွက် ၈၂ ဦးအထိ မြင့်တက်လာ
၆။ လကမ္ဘာကို ဂြိုဟ်မွှားကြီးဝင်တိုက်မိပါက လွင့်စင်လာသည့် အစအနများ ကမ္ဘာဂြိုဟ်ကို အန္တရာယ်ပြုနိုင်ခြေရှိ
အားကစားသတင်းများ
၁။ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံဘော်လီဘောအဖွဲချုပ်သိုသွားရောက်ကြည့်ရှုစစ်ဆေးပြီး ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-18ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြင့်ပွဲနှင့်တိုင်းဒေသကြီးပြည်နယ် အားကစားပြိုင်ပွဲဆိုင်ရာလုပ်ငန်းညှိနှိင်းအစည်းအဝေးတက်ရောက်
၂။ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
၃။ Gold cup ဗိုလ်လုပွဲမှာ ဂိုးသွင်းပြီးနောက် ၀ုဗ်အသင်းဖော်ဟောင်း ဂျိုတာလို အောင်ပွဲခံပြီး ဂုဏ်ပြုခဲ့တဲ့ ဂျီမီနက်ဇ်
၄။ ဒေါ့မွန်အားကစားဒါရိုက်တာက ဂျေမီ ဂစ်တန်စ်ကို ချဲလ်ဆီးအသင်းဆီ ရောင်းထုတ်ခဲ့ပြီးနောက် ချဲလ်ဆီးကြယ်ပွင့်ကို ပြန်လည်ခေါ်ယူချင်နေတယ်လို ပြောဆိုခဲ့
၅။ မူဆီယာလာ၏ ခြေထောက်ကျိုးဒဏ်ရာကို ခွဲစိတ်ကုသရမည်
အနုပညာသတင်းများ
၁။ Body အမိုက်စားနဲ့ အောင်ရဲလင်းက မိန်းမရှုပ်ချင်ရင် ရှုပ်လိုရပေမယ့် Ethic ထားသလို ယောကျ်ားကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့နေထိုင်သူမို ဂုဏ်ယူပါတယ်ဆိုတဲ့ ကိုသာဂိ
၂။ အလှမောင်တွေအတွက် အခွင့်အလမ်းသစ်ရရှိမယ့် “Mister Myanmar 2025” Top Model Show Runway ပြိုင်ပွဲကျင်းပခဲ့
၃။ သူငယ်ချင်းဆိုပေမယ့် စိတ်ဆိုးရင် Facebook ပေါ်မှာ ပါးချမယ်လိုရေးတာရှိလို ကြောက်စရာကောင်းတယ်ဆိုတဲ့ ရှင်နန်း
၄။ တစ်ချိန်က အောင်မြင်မှုများစွာရရှိထားခဲ့တဲ့ စာရေးဆရာမ လမင်းမိုမိုရဲ့ ဝတ္ထုကို ပြန်လည်ပုံဖော်ထားတဲ့ ရိုမန့်ဒရာမာဇာတ်လမ်းပုံစံ “ ကောင်းကင် ဘာကြောင့်ပြာ” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကျင်းပခဲ့
၅။ ရုပ်ရှင်ဇာတ်ကားကြီးရိုက်မှာမို အရက်၊ ဘီယာအပြင် အမဲသားစားတာပါရှောင်မယ်ဆိုတဲ့ လိမ္မော်သီး