အဆိုတော်ဟဲလေးရဲ့ “Karaoke” Music Video Watch Party အခမ်းအနားကျင်းပ

အဆိုတော်ဟဲလေးရဲ့ “Karaoke” Music Video Watch Party အခမ်းအနားကို ဇူလိုင် ၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ အလုံမြိုနယ်ရှိ Modern Radio Bar မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်က ဒီသီချင်းလေးကို ဆိုထားတာပါ။ ညီလေး ထွန်းထွန်းကတော့ သီချင်းကို ပါဝင်သရုပ်ဆောင်ပေးထားတာပါ။ အဓိက မင်းသားနေရာက ပါဝင်ထားတာပါ။ အရင်ထုတ်နေကြ သီချင်းတွေနဲ့လည်း မတူအောင် စဥ်းစားရင်းနဲ့ ဒီနာမည်ပေးလိုက်တာပါ။ ချစ်ကြိုက်ကွဲညား သီချင်းပုံစံမဟုတ်ဘဲ ဖန်တီးထားတာပါ။ ဇူလိုင် ၄ ရက်မှာ ကျွန်တော့်အသက် ၄၄ နှစ်ပြည့်မွေးနေ့မှာ ထွက်ရှိမှာပါ”လို့ အဆိုတော်ဟဲလေးက ပြောပါတယ်။

အဆိုပါ အခမ်းအနားကို အဆိုတော် သရုပ်ဆောင်တွေဖြစ်ကြတဲ့ ထွန်းထွန်း၊ ရတနာမိုင်၊ အောင်အေးချစ် စတဲ့ ဖိတ်ကြားထားတဲ့ သူတွေတက်ရောက်ခဲ့ကြပါတယ်။ Karaoke သီချင်းသစ်ကို ဟဲလေးကိုယ်တိုင်ရေးသားပြီး ဒါရိုက်တာ XZ က သရုပ်ဆောင် ထွန်းထွန်း၊ ဟဲလေး စတဲ့ သရုပ်ဆောင်တွေနဲ့ သေချာ အကုန်အကျခံပြီး ရိုက်ကူးပုံဖော်ထားကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်မားလာစေရေးတို့အတွက် ခိုင်မာသည့် မူပိုင်ခွင့်စနစ် တည်ရှိရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Next post (၄-၇-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ