(၄-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၄-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ကိုယ်ချင်းစာစိတ်ဖြင့် အလုပ်လုပ်ကြရန် နစက ဥက္ကဋ္ဌမှာကြား

၂။ နစကဥက္ကဋ္ဌက ဒေါ်စောမြရာဇာလင်း၊ ကွယ်လွန်သူ အဆိုတော် လီလီနိုင်ကျော်နှင့် ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်အပါအဝင် အမျိုးသမီး ၁၅၀ ကျော်ကို ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်

၃။ ရန်ကုန်တိုင်းဒေသကြီး၌ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့် သင်တန်းဖွင့်လှစ်

၄။ တပ်မတော်၏ တိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်

၅။ သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀ သန်း ဗဟိုဘဏ် ထုတ်ရောင်းပေးမည်

၆။ ၁၉၈၈ ခုနှစ် နောက်ပိုင်း သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေနှင့် အခြားမြေများကို မူလပိုင်ရှင်များမှ ပြန်လည်လျှောက်ထားနိုင်

၇။ တစ်နှစ်ခွဲကျော် လက်လွှတ်ထားရသော မိုးဗြဲမြိုကို တပ်မတော် ပြန်လည်ထိန်းချုပ်

၈။ ဇူလိုင်လ ၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၈၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၄၀ ကျပ်၊ Octane 95 – ၃၂၁၀ ကျပ်၊ Diesel – ၂၇၃၀ ကျပ်၊ Premium Diesel – ၃၃၈၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ရုရှားက ဧည့်သည်တွေ လာလည်လိုရအောင် မြောက်ကိုရီးယားက ကမ်းခြေအပန်းဖြေစခန်းကြီး တစ်ခုဖွင့်

၂။ IAEA နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆိုင်းငံ့ကြောင်း အီရန်သမ္မတ ကြေညာ

၃။ အမေရိကန် နိုင်ငံတကာဖွံဖြိုးရေး အေဂျင်စီ (USAID) ကို ထရမ့်အစိုးရ တရားဝင် ပိတ်သိမ်း

၄။ ယူကရိန်းပဋိပက္ခနဲ့ အရှေ့အလယ်ပိုင်းအခြေအနေတွေကို ရုရှားနဲ့ ပြင်သစ်သမ္မတတိုဆွေးနွေး

၅။ စစ်ဘက်အသုံးစရိတ်မြှင့်တင်မှုက နေတိုးအဖွဲကို ပြိုကွဲစေလိမ့်မယ်လို ရုရှားအစိုးရပြော

၆။ မာလီနိုင်ငံတွင် အလုပ်လုပ်နေသော အိန္ဒိယနိုင်ငံသားသုံးဦးကို လက်နက်ကိုင်အကြမ်းဖက်များက ပြန်ပေးဆွဲ

အားကစားသတင်းများ

၁။ ချန်ပီယံဖလားနှင့်ဝေးကွာနေသည့် ရန်ကုန်ယူနိုက်တက်နှင့် ချန်ပီယံ ရှမ်းယူနိုက်တက် ဗိုလ်လုပွဲစဉ်အတွက် အထူးတန်းလက်မှတ်တစ်မျိုးတည်းသာ ရောင်းချမည်

၂။ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးအသင်းတိုဟာ လေ့ကျင့်ခန်းအစီအစဉ်မစခင် ကွယ်လွန်သူ ဂျိုတာအတွက် တစ်မိနစ်ငြိမ်သက်ကာ ဆုတောင်း

၃။ လီဗာပူးလ်ကစားသမား ဒီယေဂို ဂျိုတာ မင်္ဂလာဆောင်ပြီး နှစ်ပတ်အကြာမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံး

၄။ ၂၀၂၅ ယူရိုအမျိုးသမီးပြိုင်ပွဲ စတင်

၅။ ဂျိုတာရဲ့ကျောနံပါတ် ၂၀ ကို ရာသက်ပန်အနားပေးဖို ပရိသတ်တွေ တောင်းဆို

အနုပညာသတင်းများ

၁။ စိုင်းစိုင်းက Legendary Artist တစ်ယောက်မို သရုပ်ဆောင်တာကြည့်ပြီး ဝေဖန်စရာမရှိဘူးဆိုတဲ့ မိစန္ဒီ

၂။ ကိုယ်က Single Mom ဆိုပေမယ့် ကိုယ်ချစ်ရတဲ့သူ ဆုံးရှုးမှာတော့ ကြောက်မိတယ်ဆိုတဲ့ ဆွိ

၃။ ဆရာမနဲ့ မူလတန်းကျောင်းသားကြားက အချစ်ဇာတ်လမ်း ရိုက်ကူးမယ့်ဇာတ်လမ်းတွဲကို ဆရာအသင်းချုပ်က ပိတ်ပင်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ ဒါရိုက်တာ အကြောင်း Charlize Theron ထုတ်ဖော်ပြောကြား
Next post စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်မားလာစေရေးတို့အတွက် ခိုင်မာသည့် မူပိုင်ခွင့်စနစ် တည်ရှိရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား