နစက ဥက္ကဋ္ဌ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

EAEU အလှည့်ကျဥက္ကဋ္ဌ၊ ဘယ်လာရုစ်နိုင်ငံ သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ဖိတ်ကြားချက်အရ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပမည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံသို့ မကြာမီ တရားဝင်ခရီးစဉ်အဖြစ်သွားရောက်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း၌ နစက ဥက္ကဋ္ဌသည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)တက်ရောက်ခြင်း၊ EAEU ၏အလှည့်ကျဥက္ကဋ္ဌ၊ ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများလည်းပြုလုပ်သွားမည်ဖြစ်ရာ ခရီးစဉ်အ တွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများနှင့် Eurasian Economic Union EAEU 320 နိုင်ငံများနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် ဘယ်လာရုစ်နိုင်ငံမှတဆင့် ရုရှားဖက်နိုင်ငံ၊ ဘူရားတီးရားပြည်နယ် အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydeno ၏ဖိတ်ကြားချက်အရ ဘူရားတီးရားပြည်နယ်သို့သွားရောက်၍ အထင်ကရနေရာများနှင့် စက်ရုံ၊ အလုပ်ရုံများကို လေ့လာသွားမည်ဖြစ်သည်။

နစက ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်၌ နစက အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် စစ်ဘက်၊ နယ်ဘက်မှအဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျားဖြန့်တွင် ပါဝင်ခဲ့သည့် အီသီယိုးပီးယားနိုင်ငံသား ၄၉ ဦးကို သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး နောက်ထပ် ပြည်ပနိုင်ငံသား ၁၀ ဦး ထပ်မံဖမ်းမိ
Next post (၂၄-၆-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ