
နိုင်ငံ့ဝန်ထမ်းများဖြင့် ရွေးကော်အဖွဲ့အဆင့်ဆင့်ဖွဲစည်းနိုင်သည့် ရွေးကောက်ပွဲကော်မရှင်ဥပဒေ ပြင်ဆင်ပြဋ္ဌာန်း
ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းရာ၌ အများယုံ ကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ အနည်းဆုံး(၃)ဦးဖြင့် ဖွဲ့စည်းရမည်ဟု နစက မှဇွန် ၁၉ ရက်ကထုတ်ပြန်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေတွင် ထည့်သွင်းဖော်ပြခဲ့သည်။
အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအား နစကမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်(၄၀ /၂၀၂၅)ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြင်ဆင်ပြဌာန်းရာ၌ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၄ ကိုလည်းအစားထိုးခဲ့ရာ ပုဒ်မ ၁၄ တွင် ကော်မရှင်သည် ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ အနည်းဆုံး(၃)ဦးဖြင့်ဖွဲ့စည်းရမည်ဟု အစားထိုးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယင်းပုဂ္ဂိုလ်များအနက် သင့်လျော်သူတစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်ဖြစ်ကာ သက်ဆိုင်ရာရွေးကောက်ပွဲအရာရှိကိုလည်း အတွင်းရေးမှူးအဖြစ်တာဝန်ပေးအပ်ရမည်ဟု အစားထိုးပြဌာန်းခဲ့သည်။