
(၂၀-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၀-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းရုပ်သံများ ထွက်ပေါ်လာပြီးနောက် CRPH၊ NUG နှင့် PDF ဆိုသည်ကို သူမ မသိရှိကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည့် မှတ်တမ်းများ ယနေ့တွင် ထွက်ပေါ်လာ
၂။ သင်္ချာဘာသာရပ်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူဦးရေ ၆၂၇၉၂ ဦးခန့်ရှိပြီး ဖြေဆိုရာခိုင်နှုန်း ၉၈ ဒသမ ၆၂ ရာခိုင်နှုန်းရှိ
၃။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ် ဒေါ်လာ ၃၃ သန်း ထပ်မံထုတ်ရောင်းပေးမည်
၄။ ညောင်ဦးခရိုင်အတွင်းက လုံခြုံရေးတပ်ဖွဲဝင်တွေကို တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်တွေ့ဆုံပြီး စားသောက်ကုန်များထောက်ပံ့
၅။ သံရည်ကျိုအပ်နှံမည့် ယာဉ်နှင့်ယန္တရားများ ဖြတ်တောက်သယ်ယူပိုဆောင်ပေးရန်တင်ဒါခေါ်ယူ
၆။ ဝေါမြိုနယ်တွင် ငွေကျပ် ၃ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
၇။ နေအိမ်အတွင်းရှိနေသည့် အမျိုးသမီးနှင့် အမျိုးသားတိုကို KNU/PDF များမှပစ်ခတ်ရာ တစ်ဦးသေဆုံး
၈။ ဇွန်လ ၁၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၀၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၅၀ ကျပ်၊ Octane 95 – ၂၉၁၅ ကျပ်၊ Diesel – ၂၄၁၀ ကျပ်၊ Premium Diesel – ၂၉၉၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ကိုတိုက်ခိုက်ရန် အစီအစဉ်များကို အတည်ပြုပြီးကြောင်း ပြောကြား
၂။ ထိုင်းဝန်ကြီးချုပ်နဲ့ ဟွန်ဆန် ဆွေးနွေးမှုအသံဖိုင် ပေါက်ကြားပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပိုတင်းမာလာ
၃။ မိတ်ဖက်ဆက်ဆံရေးခိုင်မြဲစေရန်ပူတင် နှင့် ပရာဘိုဝို ဆွေးနွေးကြမည်
၄။ အစ္စရေးက ကမ္ဘာကြီးကို နျူကလီးယားကပ်ဘေးဆီ တွန်းပိုနေတယ်လို ရုရှားဝေဖန်
၅။ ရုရှားနှင့်ယူကရိန်း ဇွန်၂၂ နောက်ပိုင်းငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ဖြစ်
၆။ ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသည့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်က လူထုကို ပြန်လည်တောင်းပန်
အားကစားသတင်းများ
၁။ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် ရေကူးကန် ပျက်စီးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
၂။ (၃) ကြိမ်မြောက် ချန်ပီယံဆု ဆွတ်ခူးခဲ့သည့် ထိုင်း ယူ – ၁၉ အမျိုးသမီးအသင်း
၃။ အယ်လ်ဟီလယ်နဲ့ အကြိတ်အနယ်ကစားပြီး တစ်မှတ်စီခွဲဝေယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်
၄။ Nico Williams ကို (၆)နှစ် စာချုပ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာ
၅။ FIFA Club World Cup ပြိုင်ပွဲမှာ ဂိုးမိုးရွာနိုင်ခဲ့တဲ့ ဂျူဗင်တပ် အသင်း
အနုပညာသတင်းများ
၁။ ဒီနှစ်ထဲ လက်ခံထားတဲ့ ကားတွေက အရမ်းချစ်ပြီး အရမ်း Ro တဲ့ ကားတွေများတယ်ဆိုတဲ့ အေးချမ်းမောင်
၂။ ကျွန်တော်တစ်ဖက်က မိသားစုတာဝန်တွေ ထမ်းနေချိန်မှာ မအားလပ်တဲ့ကြားက ထမင်းဆိုင်ကိုလာစားကြတဲ့ ခုနစ်ရက်သားသမီးတွေကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ သုတအောင်
၃။ ကိုယ့်စီနီယာ မင်းသမီးဖွေးဖွေးနားမှာ အနီးကပ်နေရလို စိတ်လှုပ်ရှားမိတယ်ဆိုတဲ့ Project K