အငယ်ဆုံး သမီးလေး ဆုဌာဝတီမိုးမြင့် ကို မွေးဖွားလိုက်ပီ ဖြစ်တဲ့ မေမေအွန်ဆိုင်း

မြန်မာနိုင်ငံရဲ့ စူပါ မော်ဒယ် အွန်ဆိုင်းကတော့ သူဌေးကြီး မိုက်ကယ်လ် မိုးမြင့်ရဲ့ သားဖြစ်သူ ဘုန်းကျော်မိုးမြင့်နဲ့ အိမ်ထောင်ကျသွားခဲ့ပီး သားသားလေး နှစ်ယောက်ကို မွေးဖွားပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ သားလေး နှစ်ယောက် ရှိထားပီ ဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ သမီးလေးလိုချင်တယ်ဆိုတဲ့ ပူဆာမှုကြောင့် အွန်ဆိုင်းက ကလေးထပ်ယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

အခုဆိုရင် လိုချင်နေတဲ့ အငယ်ဆုံး သမီးလေးလဲ ရရှိသွားပီ ဖြစ်တဲ့ အတွက် အွန်ဆိုင်းတို့ မိသားစုလေးကတော့ ပြီးပြည့်စုံ သွားခဲ့ပါပီနော်။အွန်ဆိုင်းကတော့ သူမရဲ့ မော်ဒယ် အလုပ်ကို စွန့်လွှတ်ကာ သူဌေးကတော် တစ်ယောက် အဖြစ်သူမရဲ့ ဘဝကို နေထိုင်နေခဲ့ပီ ဖြစ်ပြီး သူဌေးကြီး မိုက်ကယ်လ်မိုးမြင့် အတွက် အချစ်တော် မျိုးဆက်သစ် မြေးလေးတွေကို မွေးထုတ်ပေးနေခဲ့တာလဲ ဖြစ်ပါတယ်။

ဒါ့ကြောင့်လဲ အွန်ဆိုင်းဟာ သူဌေးကြီး မိုက်ကယ်လ် မိုးမြင့်ရဲ့ အချစ်တော် ချွေးမ အဖြစ် မြင်တွေ့ရတာလဲ ဖြစ်ပါတယ်။ DBN ပရိတ်သတ်ကြီးတို့ရော အွန်ဆိုင်းရဲ့ မိသားစုလေးကို ချစ်ခင် အားပေးနေကြရဲ့လား…?

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မကွေးဆေးရုံကြီးတွင် ကိုဗစ်လူနာတစ်ဦး အသက်ဆုံး
Next post (၁၉-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်