// | DailyBriefNews ခန္တီးမြို့တွင် ဒုတိယအကြိမ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို -

ခန္တီးမြို့တွင် ဒုတိယအကြိမ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့‌တွင် ၂၀၂‌၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယအကြိမ်ကို ယနေ့ ဇွန်လ (၁၆) ရက် နံနက်(၉)နာရီက အ‌ခြေခံပညာအထက်တန်းကျောင်း (ခန္တီး) စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဒုတိယအကြိမ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုဇွန်လ (၁၆) ရက်မှ (၂၁)ရက်အထိ (၆)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ခန္တီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လအတွင်းကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား/သူပေါင်း (၄၀၄)ဦး ဖြေဆိုခဲ့ပြီး ဒုတိယအကြိမ် ပြန်လည်ဖြေဆိုရာတွင် (၃၉၆)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ (၈)ဦး ပျက်ကွက်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုရာနေရာသို့ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီး ဇော်ငြိမ်းထိုက်၊ ခန္တီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များက စာမေးပွဲဖြေဆိုမည့် ကျောင်း သား/သူ‌များအား အချိုရေနှင့် မှုန့်များပေးအပ်ကာ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သစ်တောများသည် နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွင်အဓိကကျဟု နစက ဥက္ကဋ္ဌပြော
Next post Date With Me? Season 2 မှာ ပထမဦးဆုံး မိန်းကလေးအနုပညာရှင်ဖြစ်တဲ့ နာမည်ကြီး ထပ်ဆင့်အကယ်ဒမီမင်းသမီး ဖွေးဖွေးပါဝင်လာ