
မင်းသား Ajay Devgn’s ရဲ့ Drishyam ကို ၃ ကားမြှောက်အထိ ထုတ်လုပ်မယ်
မင်းသား Ajay Devgn’s ရဲ့ Drishyam 3 ကိုတော့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ တရားဝင်ကြေငြာလိုက်ပါတယ်။
ဒီရုပ်ရှင်ကို ဒါရိုက်တာ Abhishek Pathak က ရိုက်ကူးမှာဖြစ်ပြီး၊ Panorama Studios နဲ့ Viacom18 တို့ ပူးပေါင်းထုတ်လုပ်မှာပါ။ ဒီပရောဂျက်ဟာ ဒါရိုက်တာ အဘီရှက်ရဲ့ ဖခင်ဖြစ်သူ ထုတ်လုပ်သူ Kumar Mangat Pathak နဲ့ အဓိကသရုပ်ဆောင် Ajay Devgn’s တို့အတွက် ထိပ်တန်းဦးစားပေးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
Drishyam ဟာ အရင်ရုပ်ရှင်တွေရဲ့ အောင်မြင်မှုကြောင့် ပရိသတ်တွေရော ရုပ်ရှင်လောကထဲကသူတွေပါ မျှော်လင့်ချက်အများကြီး ထားနေကြပါတယ်။ ၂၀၁၅ မှာ ထွက်ခဲ့တဲ့ ပထမ Drishyam ဟာ Vijay Salgaonkar ဆိုတဲ့ သာမန်လူတစ်ယောက်ရဲ့ မိသားစုကို ရဲအရာရှိတစ်ဦးရဲ့သားနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တစ်ခုကနေ ကာကွယ်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုပါ။ ဒီရုပ်ရှင်ဟာ OTT မှာ ထွက်ပြီးနောက် အရမ်းအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။

၂၀၂၂ မှာ ထွက်ခဲ့တဲ့ Drishyam 2 ကတော့ Akshaye Khanna ပါဝင်လာပြီး သည်းထိတ်ရင်ဖိုစရာ ဇာတ်လမ်းအလွှာတွေ ထပ်ပေါင်းထည့်ထားပြီး လက်မှတ်ရုံးဝင်ငွေ အတော်လေး ရောင်းရခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။
တတိယမြောက်ရုပ်ရှင်ကို အောက်တိုဘာ ၂ ရက်နေ့မှာ ပြသဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မူရင်းသရုပ်ဆောင်တွေလည်း ပြန်လည်ပါဝင်မယ်လို့သိရပြီး Drishyam 3 ဟာ ၂၀၂၆ ရဲ့ စောင့်မျှော်ထားတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ခု ဖြစ်လာဖွယ်ရှိပါတယ်။