
UFC ဖလိုင်းဝိတ်တန်းရဲ့ လက်ရှိ အဆင့် (၁) နဲ့ လာမယ့် ဇွန်လ ၂၈ ရက်မှာ ပွဲဖြစ်တော့မယ့် Joshua Van

ဇွန်လ ၁၀ ရက်
ပြီးခဲ့တဲ့ UFC 316 မှာ ဖလိုင်းဝိတ်တန်း အဆင့် ၁၂ က ဘရူနိုဒါဆေးလ်ဗားကို အလဲထိုး အနိုင်ယူခဲ့တဲ့ Joshua Van ဟာ ပွဲထိုးပြီးလို့ ၂ ရက်အတွင်း နောက်ထပ် ပွဲရခဲ့သလို ဒီတစ်ခါထိုးရမယ့်ပြိုင်ဘက်က ထိုးဖူးသမျှထဲ အခက်ခဲဆုံး ဖြစ်လာတော့မှာပါ။

UFC ဟာ သူ့ရဲ့ UFC 317 ကို Las Vegas မှာ ဇွန်လ ၂၈ ရက်မှာ ထိုးသတ်ဖို့ စီစဥ်ထားတာဖြစ်ပြီး Van ဝင်ထိုးရမှာက အဲဒီပွဲမှာဖြစ်ဖို့များလို့ Van အဖို့ ပထမပွဲနဲ့ ၂၁ ရက်ပဲ ကွာပြီး ပြင်ဆင်ဖို့ ၁၈ ရက်ပဲ အချိန်ရတဲ့ Short Notice နဲ့ ဝင်ထိုးရမယ့် ပွဲပါ။

Short Notice နဲ့ Van က အသားကျနေပြီး ရှေ့က Short Notice နှစ်ပွဲမှာ နှစ်ပွဲစလုံး အနိုင်ရထားပေမဲ့ ဒီတစ်ခါ Short Notice က အလွန် ခက်ခဲမှာဖြစ်ပြီး ရင်ဆိုင်ရမယ့်သူက UFC ဖလိုင်းဝိတ်တန်းရဲ့ လက်ရှိအဆင့် (၁) Brandon Royval ဖြစ်နေမှာကြောင့်ပါ။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်က ဘရူနိုဒါဆေးဗားလ်ကို အနိုင်ရအပြီးမှာ Van က အဆင့် (၂) က Moreno ကို စိန်ခေါ်ခဲ့တယ်ဆိုပေမဲ့ အဲဒီပွဲက အချိန်ခြောက်လလောက် ပြင်ဆင်ချိန်ရပါတယ်။