ဟာသသရဲကားပုံစံ သူကြောက် ကိုယ်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနား ကျင်းပ

ကုမုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးက ဟာသသရဲကားပုံစံ “သူကြောက် ကိုယ်ကြောက်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇွန်လ ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီရုပ်ရှင်ဇာတ်ကားမှာ ယမုံက နွေးအိစံဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ဒီကားထဲက အိမ်ကြီးမှာ ဦးခင်လှိုင်၊ ကိုမြင့်မြတ်၊ ကိုဖြိုးငွေစိုး၊ ကိုတင်မောင်ဆန်းမင်းဝင်းရယ် မလင်း@မိတ်ကပ်လင်းလင်းရယ်က သရဲငါးကောင်ပေါ့နော်။ ဇာတ်လမ်းက ဟာသသရဲဇာတ်လေးမို့ ပရိသတ်အကြိုက်တွေ့မှာပါလို့ပြောချင်ပါတယ် ”လို့ သရုပ်ဆောင် ယမုံမြင့်မြတ်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်း ဒီဒီထက်အောင်က ရေးသားပြီး ဒါရိုက်တာ နိုရာကိုက သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်၊ ဖြိုးငွေစိုး၊ တင်မောင်ဆန်းမင်းဝင်း၊ ချာလီ၊ အရိုင်း၊ ခင်လှိုင်၊ နေ့သစ်အေးအာင်၊ ယမုံမြင့်မြတ်၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံ၊ လင်းလင်း(မိတ်ကပ်)၊ ကေညီ၊ အိမ့်ကြာဖြူ၊ မောင်ကင်း စတဲ့သူတွေနဲ့ ရိုက်ကူးထားပါတယ်။

“ဒီရုပ်ရှင်ဇာတ်ကားက နိုရာရဲ့ ပထမဦးဆုံး ရုံတင်ပြသတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ နိုရာနဲ့ ပထမဆုံး အတူဆုံပြီး ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ပေးကြတဲ့ ဝါရင့်အနုပညာရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ သရဲဟာသဇာတ်လမ်းလေးလည်းဖြစ်ပါတယ်”လို့ ဒါရိုက်တာ နိုရာကိုက ပြောပါတယ်။ “သူကြောက် ကိုယ်ကြောက်”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇွန်လ ၁၃ ရက်နေ့မှာ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၀-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား