Rock ဘုရင်ဇော်ဝင်းထွဋ် နဲ့ မိုးယုစံတို့တက်ရောက်ခဲ့တဲ့ all for love ဒုတိယနေ့ အခမ်းအနား

Novotel Hotelနဲ့ MY DREAM ONE STOP WEDDING SERVICE& EVENT PLANNING တို့ပူးပေါင်းစီစဥ်ကျင်းပပြုလုပ်တဲ့ ၂၀၂၅ခုနှစ်ရဲ့အကြီးကျယ်ဆုံးနဲ့အခမ်းနားဆုံး ALL FOR LOVE WEDDING FAIR ကြီးရဲ့ ဒုတိယမြောက်နေ့ ကို ဇွန်လ ၈ ရက်နေ့မှာစည်ကားခမ်းနားစွာကျင်းပပြုလုပ်နေပြီး ရော့ခ်ဘုရင် ဇော်ဝင်းထွဋ်က သီဆိုဖျော်ဖြေပြီး မိုးယုစံအပါအဝင် အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါပွဲကြီးကိုနှစ်ပေါင်း ၄၀ ကျော်တိုင်တည်တံ့လျက်ရှိတဲ့win&san diamond&fine jewelry မှ main sponsor အနေနဲ့ကူညီပံ့ပိုးပေးထားပြီး AYA pay မှ official banking partner အဖြစ်ကူညီပါဝင်ထားပါတယ်။ ပွဲကို နံနက် ၉နာရီမှည၆နာရီအထိရန်ကုန် နိုဗိုတယ်ဟိုတယ်မှာ ကျင်းပသွားမှာဖြစ်ပြီး ညနေငါးနာရီခွဲမှာမိုးကုတ်ပေါက်ပေါက်ရဲ့ fashion design များကိုနာမည်ကြီးသရုပ်ဆောင်များ မော်ဒယ်များက လျှောက်လှမ်းပေးသွားပါတယ်။

ဖျော်ဖြေရေးအစီအစဉ်များအနေနဲ့ ၇ ရက်နေ့မှာနိုင်ငံကျော်တေးသံရှင် Hip Hop ဘုရင် စိုင်းစိုင်းခမ်းလိူင်က ဖျော်ဖြေခဲ့ပြီး ယနေ့ ၈ ရက်နေ့မှာ Rock ဘုရင် ဇော်ဝင်းထွဋ် က ဖျော်ဖြေသွားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post UEC သို့ နိုင်ငံရေးမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၇၇ ပါတီရှိပြီး လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုသည့်ပါတီ ၅၆ ပါတီ ရှိ
Next post (၁၀-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်