UEC သို့ နိုင်ငံရေးမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၇၇ ပါတီရှိပြီး လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုသည့်ပါတီ ၅၆ ပါတီ ရှိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို နိုင်ငံရေးမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၇၇ ပါတီရှိပြီး လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုသည့်ပါတီ ၅၆ ပါတီ ရှိပြီဖြစ်ကြောင်း UEC က ထုတ်ပြန်ခဲ့ပါတယ်။

ယခုနှစ် အထွေထွေရွေးကောက်ပွဲများကို ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိသဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ ပါတီများ ပူးပေါင်းလျက် ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ခြင်း လုပ်ငန်းများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း/ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အချိန်လုံလောက်စွာ ရရှိစေရန် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားလိုသူများသည် မေ ၉ ရက် နောက်ဆုံးထားလျှောက်ထားကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ဧပြီ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၉-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post Rock ဘုရင်ဇော်ဝင်းထွဋ် နဲ့ မိုးယုစံတို့တက်ရောက်ခဲ့တဲ့ all for love ဒုတိယနေ့ အခမ်းအနား