// | DailyBriefNews ရွေးကောက်ပွဲကျင်းပပြီး သိက္ခာရှိသည့် လွှတ်တော်ကို ဖော်ဆောင်မည် -

ရွေးကောက်ပွဲကျင်းပပြီး သိက္ခာရှိသည့် လွှတ်တော်ကို ဖော်ဆောင်မည်

မိမိတို့အနေဖြ်င့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိ သည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသော လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင် ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရမည်”ဟု ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှု မရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အဓိက ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး တာဝန်ခွဲဝေ၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် Myanmar Electronic Voting Machine စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့နောက် ရွေးကောက်ပွဲအား လုံခြုံရေးအရ အပိုင်းလိုက်ခွဲခြား၍လည်း ပြုလုပ်နိုင်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နစကဥက္ကဋ္ဌသည် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်နေ့ထိ သွားရောက်စဉ် လာအို၊ ထိုင်း၊ ကမ္ဘောဒီးယာ ဝန်ကြီးချုပ် များဖြင့် သီးခြားစီ တွေ့ဆုံ၍ ရွေးကောက်ပွဲ ကျင်းပမည့် အခြေအနေများကို ရှင်းပြဆွေးနွေးခဲ့ကြောင်း သိရသည်။

မိမိတို့ ကျင်းပမည့် ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရေး နိုင်ငံတကာမှ လေ့လာ အကဲခတ်ရေး ကိုယ်စားလှယ်အဖွဲ့များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ 

၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရသည့်ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး
Next post (၂၀-၁၁-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ