တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေး

အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ယမန်နေ့မွန်းလွဲပိုင်းက သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။

ဦးစွာ အမျိုးသားပြတိုက် (Mini Theatre) ကျင်းပပြုလုပ်လျက်ရှိတဲ့ အတီး(ပတ္တလား) အခြေခံပညာ (အသက် ၁၀ နှစ်မှ အသက် ၁၅ နှစ်) (အမျိုးသား၊ အမျိုးသမီး)ပြိုင်ပွဲကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)မှာ ကျင်းပပြုလုပ်တဲ့ အတီး(စောင်း) အခြေခံပညာ (အသက် ၁၅ နှစ်မှ အသက် ၂၀ နှစ်) (အမျိုးသမီး)ပြိုင်ပွဲနဲ့ အခြေခံပညာ (အသက် ၁၀ နှစ်မှ အသက် ၁၅ နှစ်) (အမျိုးသမီး) ပြိုင်ပွဲကို လည်းကောင်း၊ မြခန်းမမှာ ကျင်းပြုလုပ်တဲ့ အဆို (အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး) အဆင့်မြင့်ပညာ (အမျိုးသမီး)ပြိုင်ပွဲကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။


