ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပြည်ထောင်စုလွှတ်တော်နာယက တွေ့ဆုံ၊ စက်မှုနှင့် နည်းပညာဇုန်များ လေ့လာ

အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၆
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုအား ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် အောက်တိုဘာ ၂၃ ရက်တွင် မင့်စ်မြို့ရှိ သမ္မတနန်းတော်၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ ဖော်ဆောင်ရေး၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံအနေဖြင့် EAEU၊ SCO နှင့် BRICS တို့တွင် ပါဝင်နိုင်ရေးအတွက် ဘယ်လာရုစ်နိုင်ငံ၏ ကူညီထောက်ခံမှု ရရှိရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် Great Stone China-Belarus Industrial Park သို့ သွားရောက်လေ့လာခဲ့ပြီး ဘယ်လာရုစ်အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ် နာတာလျာ ကိုချန်နိုဗာ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြပါတယ်။
More Stories
Gender၊ CEDAW၊ NSPAW၊ AGMSF၊ WPS အသိပညာပေးသင်တန်း ဖွင့်လှစ်
အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၆ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Gender၊ CEDAW၊ NSPAW၊ AGMSF၊ WPS အသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသမီးရေးရာဝန်ကြီးဌာန၌ ကျင်းပခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲတွင် အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နှင့် NSPNC တို့ ငြိမ်းချမ်းရေး ဆွေးနွေး
အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၆ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) (AM) အဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့၏ တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။...
မြန်မာ့ပညာရေးအဆင့်အတန်း မြင့်မားလာစေရေး နှစ် ၃၀ အမျိုးသားပညာရေးစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေ
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၈) မှ ကျောင်းသား၊ ကျောင်းသူများကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ငုရွှေဝါခန်းမ၌ တွေ့ဆုံ၍...
၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန်ဆု ရရှိခဲ့သည့် “မြန်မာပေါ်ဆန်း” ကို စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအား နိုင်ငံတော်သမ္မတက ဂုဏ်ပြု
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန်ဆု ရရှိခဲ့သည့် “မြန်မာပေါ်ဆန်း” ကို စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအား ဂုဏ်ပြုသည့် အခမ်းအနားနှင့် ဆန်ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအပေါ် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို...
ရန်ကုန်တိုင်းအတွင်းရှိ CNG ယာဉ်များအတွက် CNG 1 Kg ၂၇၃ ကျပ် ၂၅ ပြားနှုန်းခန့်ဖြင့် ဓာတ်ငွေ့လုံလောက်စွာ ဖြန့်ဖြူးပေးနေ
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ယာဉ် (CNG ယာဉ်) များအတွက် CNG 1 Kg လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းခန့်ဖြင့် ဓာတ်ငွေ့များကို လုံလောက်စွာ...
ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ကျောင်းသား၊ ကျောင်းသူ ၁၅၈ ဦး Naypyitaw State Academy ၏ Faculty of Medicine သို့ လာရောက်လေ့လာ
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆ Naypyitaw State Academy ၏ Faculty of Medicine သို့ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးပညာစတုတ္ထနှစ် (၁/၂၀၂၆) သင်တန်းမှ ကျောင်းသား၊ ကျောင်းသူ...
