// | DailyBriefNews ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ကျောင်းသား၊ ကျောင်းသူ ၁၅၈ ဦး Naypyitaw State Academy ၏ Faculty of Medicine သို့ လာရောက်လေ့လာ -

ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ကျောင်းသား၊ ကျောင်းသူ ၁၅၈ ဦး Naypyitaw State Academy ၏ Faculty of Medicine သို့ လာရောက်လေ့လာ

အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆

Naypyitaw State Academy ၏ Faculty of Medicine သို့ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးပညာစတုတ္ထနှစ် (၁/၂၀၂၆) သင်တန်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅၈ ဦးသည် Residential Field Training အစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ယနေ့တွင် လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

လေ့လာရေးအဖွဲ့အား ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာတင်ထွန်းက တွေ့ဆုံ၍ အနာဂတ်ဆရာဝန်များအနေဖြင့် တာဝန်ယူမှု၊ ကိုယ်ကျင့်တရားနှင့် စဉ်ဆက်မပြတ် သင်ယူလေ့လာမှုတို့ကို လက်ကိုင်ထားရန် တိုက်တွန်းမှာကြားခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများသည် အုပ်စုများခွဲ၍ Naypyitaw State Academy ၏ ဘွဲ့နှင်းသဘင်ခန်းမ၊ Recreation Center နှင့် Faculty of Medicine ရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရှေ့တန်းပြန် တပ်မတော်သားများအား ကလေးနှင့် ဟုမ္မလင်းမြို့တို့တွင် ဂုဏ်ပြုကြိုဆို
Next post ရန်ကုန်တိုင်းအတွင်းရှိ CNG ယာဉ်များအတွက် CNG 1 Kg ၂၇၃ ကျပ် ၂၅ ပြားနှုန်းခန့်ဖြင့် ဓာတ်ငွေ့လုံလောက်စွာ ဖြန့်ဖြူးပေးနေ