// | DailyBriefNews ရန်ကုန်တိုင်းအတွင်းရှိ CNG ယာဉ်များအတွက် CNG 1 Kg ၂၇၃ ကျပ် ၂၅ ပြားနှုန်းခန့်ဖြင့် ဓာတ်ငွေ့လုံလောက်စွာ ဖြန့်ဖြူးပေးနေ -

ရန်ကုန်တိုင်းအတွင်းရှိ CNG ယာဉ်များအတွက် CNG 1 Kg ၂၇၃ ကျပ် ၂၅ ပြားနှုန်းခန့်ဖြင့် ဓာတ်ငွေ့လုံလောက်စွာ ဖြန့်ဖြူးပေးနေ

အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ယာဉ် (CNG ယာဉ်) များအတွက် CNG 1 Kg လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းခန့်ဖြင့် ဓာတ်ငွေ့များကို လုံလောက်စွာ ဖြန့်ဖြူးပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း YBS ယာဉ်များ၊ Taxi များ၊ ကုန်စည်နှင့် ကိုယ်ပိုင်စီးပွားသုံး ယာဉ် စုစုပေါင်း ၂၆,၉၅၇ စီးကို မှတ်ပုံတင်ခွင့်ပြုထားပြီး CNG အရောင်းဆိုင် ၄၁ ဆိုင်မှတစ်ဆင့် နေ့စဉ် နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ ကန့်သတ်ချက်မရှိ ပိတ်ရက်မရှိ ဖြန့်ဖြူးပေးလျက်ရှိပါတယ်။

လက်ရှိတွင် အဆိုပါ အရောင်းဆိုင်များ၌ နေ့စဉ် YBS၊ Taxi နှင့် အခြားယာဉ် စုစုပေါင်း အစီးရေ ၃၆,၀၀၀ ခန့် လာရောက်ဖြည့်သွင်းလျက်ရှိပြီး တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၂၆ ကုဗပေ သန်းခန့် လုံလောက်စွာ ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ကျောင်းသား၊ ကျောင်းသူ ၁၅၈ ဦး Naypyitaw State Academy ၏ Faculty of Medicine သို့ လာရောက်လေ့လာ
Next post ထိုင်းလက်ဝှေ့ကျော် အိုလံပစ်ရွှေတံဆိပ်ဆုရှင်ဟောင်း ဆွမ်ရက် ခမ်ဆင်းအား အရွယ်မရောက်သေးသူကို လှည့်ဖြားခေါ်ဆောင်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်