// | DailyBriefNews ရှေ့တန်းပြန် တပ်မတော်သားများအား ကလေးနှင့် ဟုမ္မလင်းမြို့တို့တွင် ဂုဏ်ပြုကြိုဆို -

ရှေ့တန်းပြန် တပ်မတော်သားများအား ကလေးနှင့် ဟုမ္မလင်းမြို့တို့တွင် ဂုဏ်ပြုကြိုဆို

အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲများကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲများသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေးနှင့် ဟုမ္မလင်းတပ်နယ်တို့မှ တာဝန်ရှိသူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် တပ်မတော်သားများအား အောင်သပြေခက်များဖြင့် ကမ်းလှမ်း၍လည်းကောင်း၊ တိုင်းရင်းသားရိုးရာ အကအခုန်များဖြင့်လည်းကောင်း အသီးသီး သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
Next post ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ကျောင်းသား၊ ကျောင်းသူ ၁၅၈ ဦး Naypyitaw State Academy ၏ Faculty of Medicine သို့ လာရောက်လေ့လာ