// | DailyBriefNews နိုင်ငံတော်သမ္မတ ကုန်စည်ပို့ဆောင်ရေး မြှင့်တင်နိုင်ရန် ဆိပ်ကမ်းနှင့် ရထားလမ်းများ အဆင့်မြှင့်တင်ရေး လမ်းညွှန်မှာကြား -

နိုင်ငံတော်သမ္မတ ကုန်စည်ပို့ဆောင်ရေး မြှင့်တင်နိုင်ရန် ဆိပ်ကမ်းနှင့် ရထားလမ်းများ အဆင့်မြှင့်တင်ရေး လမ်းညွှန်မှာကြား

အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် အောက်တိုဘာ ၁၄ ရက်နေ့တွင် မြန်မာ့ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ၏ စွမ်းဆောင်ရည်၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် အနာဂတ် ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်မည့် အလားအလာများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက ပုသိမ်၊ ရန်ကုန်နှင့် ထားဝယ်ဆိပ်ကမ်းများကို အနာဂတ်တွင် အဓိက ဆိပ်ကမ်းများအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ထားဝယ်ဆိပ်ကမ်းမှတစ်ဆင့် နိုင်ငံတကာ ဖြတ်သန်းကုန်သွယ်မှု မြှင့်တင်နိုင်ရေးနှင့် ကော့သောင်းဒေသတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို ထိရောက်စွာ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်
Next post နဂါးနီ ပုန်းရည်ကြီးနှင့် အော်ရိုရာ မက်မန်းသီးချိုချဉ် အပါအဝင် စားသောက်ကုန်အချို့ကို ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် FDA သတိပေး