// | DailyBriefNews ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေပြိုကျမှုကြောင့် မြန်မာဆောက်လုပ်ရေးလုပ်သားတစ်ဦး မြေပိ၍ သေဆုံး -

ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေပြိုကျမှုကြောင့် မြန်မာဆောက်လုပ်ရေးလုပ်သားတစ်ဦး မြေပိ၍ သေဆုံး

အောက်တိုဘာလ ၂ ရက်၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဝတ္ထနာခရိုင်၊ ဆူခွန်ဗစ် ရ၇ လမ်းမကြီးအနီးရှိ ရေနုတ်မြောင်းပိုက် လဲလှယ်တပ်ဆင်သည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ အောက်တိုဘာလ ၁ ရက် ညပိုင်းက မြေပြိုကျမှုဖြစ်ပွားခဲ့ရာ အသက် ၄၉ နှစ်အရွယ် မြန်မာဆောက်လုပ်ရေးလုပ်သား ဦးနီယန်း မြေပိ၍ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ အနက် ၃ မီတာနှင့် အကျယ် ၁၀ မီတာခန့်ရှိသော ကျင်းအတွင်း လုပ်သားနှစ်ဦး မြေကြီးညှိနေစဉ် ရုတ်တရက် မြေပြိုကျခဲ့ခြင်းဖြစ်ပြီး လုပ်သားတစ်ဦးမှာ ရုန်းထွက်လွတ်မြောက်ခဲ့သော်လည်း ဦးနီယန်းမှာမူ မြေကြီးအောက်တွင် ပိတ်မိသွားခဲ့ခြင်းဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားများနှင့် လုပ်ဖော်ကိုင်ဖက်များက တစ်နာရီကျော်ကြာ တူးဖော်ရှာဖွေခဲ့ရပြီးနောက် ရုပ်အလောင်းအား တွေ့ရှိထုတ်ယူနိုင်ခဲ့ကာ အောက်ဆီဂျင်ပြတ်တောက် အသက်ရှူကျပ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရက်ဆက် မိုးရွာသွန်းမှုများကြောင့် မြေကြီးကျစ်လစ် မာကျောနေ၍ ရှာဖွေရေးတွင် ခက်ခဲမှုများ ရှိခဲ့ပြီး လက်ရှိတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဆိုပါလုပ်ငန်းခွင်အား ယာယီရပ်ဆိုင်းမိန့် ထုတ်ပြန်ကာ လမ်းသွားလမ်းလာ ပိတ်ပင်ထားကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Asian Game 2026 (MLBB)ပြိုင်ပွဲတွင် မြန်မာအသင်း သမိုင်းဝင် ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ
Next post ၂၀၂၆ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်အမှာစကားပြောကြား