// | DailyBriefNews ၂၀၂၆ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်အမှာစကားပြောကြား -

၂၀၂၆ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်အမှာစကားပြောကြား

အောက်တိုဘာလ ၃ ရက်၊ ၂၀၂၆

၂၀၂၆ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိသာလျှင် “တော်သည်၊ တတ်သည်၊ ကောင်းသည်၊ မှန်သည်” ဆိုသည့် အစွဲသည် အသင်းအဖွဲ့တစ်ခုကို ထိခိုက်ပျက်စီးစေခြင်း၏ အစဖြစ်ကြောင်း သတိပြုကြရန်လိုကြောင်းနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် တစ်ဦးတစ်ယောက်အပေါ် လွန်ကဲစွာမှီခိုခြင်းမပြုဘဲ အသင်းသားတိုင်း ညီညွတ်စုစည်းမှသာ အောင်မြင်မှုရရှိမည်ဆိုသည့် သင်ခန်းစာကို ရယူကြရန် ပြောကြားခဲ့ပါတယ်။ အဆိုပါ သင်ခန်းစာများကို အားလုံး နားလည်သိရှိ လိုက်နာကျင့်သုံးပါက အားကစားတွင်မက ဘဝလမ်းကြောင်းများ၌ပါ အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်ဟု သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေပြိုကျမှုကြောင့် မြန်မာဆောက်လုပ်ရေးလုပ်သားတစ်ဦး မြေပိ၍ သေဆုံး
Next post ပြင်သစ်တွင် အထက်တန်းကျောင်းသားများ၏ ဆန္ဒပြပွဲများကြောင့် စာသင်ကျောင်း ၅၆၀ ကျော် ပိတ်ထားရ