// | DailyBriefNews ကမမောင်း-ဖာပွန် လမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာအား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက် ထိန်းချုပ် -

ကမမောင်း-ဖာပွန် လမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာအား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက် ထိန်းချုပ်

1000062358

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၆

KNU၊ KNLA နှင့် PDF သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် ကမမောင်း-ဖာပွန်သွား လမ်းကြောင်းတစ်လျှောက် နယ်မြေစိုးမိုးရေးအတွက် တပ်မတော်စစ်ကြောင်းများက မေလ ၅ ရက်မှစ၍ အဆင့်ဆင့် ထိန်းချုပ်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၇ ရက် ညနေပိုင်းတွင် အဆိုပါလမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာအား ထပ်မံသိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

တပ်မတော် စစ်ကြောင်းများသည် မေလ ၈ ရက်တွင် ကျောက်ကွင်းလေးကျေးရွာမှစ၍ ဝက်သိုးခို၊ မီဇိုင်းချောင်းဖျား၊ နေက၊ ရေပူ၊ မိုင် (၄၀)၊ နိုခဲဒို၊ ဘောကျိုထ၊ ကတိုင်တိ၊ ဘောကြို့လယ်၊ ရှမ်းရွာ၊ တောင်သူစု၊ ဖာလုံလေး နှင့် စက်တင်ဘာလ ၇ ရက်တွင် ဖာလုံကြီးကျေးရွာတို့အား အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် ယခု ဆင်စွယ်ကျေးရွာကိုပါ ထပ်မံ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ လမ်းကြောင်းတစ်လျှောက် ပြန်လည်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်စဉ်အတွင်း အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၆၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းတို့ထံမှ ယာယီခြေကုပ်စခန်း ၁၁ ခု၊ ရန်သူ့အလောင်း ၁၃ လောင်း၊ လက်နက်မျိုးစုံ ၁၅ လက်၊ FPV Drone ၂၄ စီး၊ မိုင်းများနှင့် ခဲယမ်း ဆက်စပ်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ရပါတယ်။

လက်ရှိတွင် တပ်မတော်စစ်ကြောင်းများအနေဖြင့် ကမမောင်း-ဖာပွန် လမ်းကြောင်းတစ်လျှောက် ကျန်ရှိသည့် လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့များ ဖျက်ဆီးခဲ့သည့် လမ်း/တံတားများ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် လူနေအိမ်များကို ပြန်လည်ပြုပြင်ခြင်းနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မုံရွာ-မန္တလေး ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်ကို PDF များ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ရဟန်းတစ်ပါးအပါအဝင် အရပ်သားများ ထိခိုက်သေဆုံး
Next post MAI နှင့် KBZMS General Insurance အပါအဝင် စီးပွားရေးမိတ်ဖက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး