// | DailyBriefNews MAI နှင့် KBZMS General Insurance အပါအဝင် စီးပွားရေးမိတ်ဖက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး -

MAI နှင့် KBZMS General Insurance အပါအဝင် စီးပွားရေးမိတ်ဖက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၆

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) နှင့် KBZMS General Insurance အပါအဝင် နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက် အဖွဲ့အစည်းများသည် လေကြောင်းခရီးသွားလုပ်ငန်းနှင့် စီးပွားရေး အသိုင်းအဝိုင်းအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် စက်တင်ဘာလ ၂၅ ရက်က ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာများကို MAI နှင့် KBZMS General Insurance၊ MTG International Company၊ RVi Group/Bagan Run တို့မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ပါတယ်။

အခမ်းအနားတွင် တာဝန်ရှိသူများသည် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးမိတ်ဖက် ဆက်ဆံမှုမြှင့်တင်ရေးနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကမမောင်း-ဖာပွန် လမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာအား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက် ထိန်းချုပ်
Next post အမေရိကန်၏ ဒေါ်လာ ၂ ဘီလီယံနီးပါးရှိ ကမ္ဘာ့ကျန်းမာရေးနှင့် လူသားချင်းစာနာမှု အကူအညီများ လက်ခံရရှိမည့် နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်