စစ်ကိုင်းတိုင်းအတွင်းမှ PDF အဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း ၃၈ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်နယ်မြေအတွင်းမှ Local PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၃၈ ဦးသည် စက်တင်ဘာလ ၂၂ ရက်နေ့က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများတွင် Local PDF အဖွဲ့ဝင် အမျိုးသား ၂၃ ဦး၊ မိသားစုဝင် အမျိုးသမီး ၃ ဦး၊ ဆားတောင်မိုးကြိုးအဖွဲ့ဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် အမျိုးသမီး ၃ ဦး (စုစုပေါင်း PDF အဖွဲ့ဝင် ၃၂ ဦးနှင့် မိသားစုဝင် ၆ ဦး) တို့ ပါဝင်ပြီး လက်နက်မျိုးစုံ ၁၃ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကိုပါ ယူဆောင်လာခဲ့ကြခြင်း ဖြစ်ပါတယ်။

အဆိုပါ ဝင်ရောက်လာသူများအား စစ်ကိုင်းမြို့ရှိ နယ်မြေခံတပ်မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။

