// | DailyBriefNews အတ္တလန္တိတ်သမုဒ္ဒရာ အတွင်း၌ ရေဒီယိုသတ္တိကြွ အမှိုက်တန်ချိန် ၁၅၀,၀၀၀ ခန့် နစ်မြှုပ်စွန့်ပစ်ထားသည်ကို တွေ့ရှိ -

အတ္တလန္တိတ်သမုဒ္ဒရာ အတွင်း၌ ရေဒီယိုသတ္တိကြွ အမှိုက်တန်ချိန် ၁၅၀,၀၀၀ ခန့် နစ်မြှုပ်စွန့်ပစ်ထားသည်ကို တွေ့ရှိ

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၆

၁၉၄၉ ခုနှစ်မှ ၁၉၈၂ ခုနှစ်အတွင်း ဥရောပနိုင်ငံများက အတ္တလန္တိတ်သမုဒ္ဒရာ အရှေ့မြောက်ပိုင်း ရေနက်ပိုင်းများ၌ နစ်မြှုပ်စွန့်ပစ်ခဲ့သည့် ရေဒီယိုသတ္တိကြွ အမှိုက်တန်ချိန် ၁၅၀,၀၀၀ ခန့်ပါ သံမဏိစည်ပိုင်းများကို ပြင်သစ်အမျိုးသား သိပ္ပံသုတေသနဗဟိုဌာန (CNRS) ဦးဆောင်သည့် သုတေသနအဖွဲ့က ရေငုပ်သင်္ဘောဖြင့် သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။

၂၀၂၆ ခုနှစ်အတွင်း ပြုလုပ်သည့် အဆိုပါ NODSSUM သုတေသန စီမံကိန်းအရ သိပ္ပံပညာရှင်များသည် လူစီးရေငုပ်သင်္ဘော Nautile ကို အသုံးပြု၍ ပေ ၁၅,၄၀၀ ကျော်အထိ ငုပ်လျှိုးကြည့်ရှုခဲ့ရာ ဆိုးဆိုးရွားရွား ပျက်စီးနေသည့် အမှိုက်ပုံးများမှ အညစ်အကြေးများ သမုဒ္ဒရာကြမ်းပြင်သို့ ယိုစိမ့်နေသည်ကို တွေ့ရှိခဲ့ကြပါတယ်။ ထို့ပြင် အဆိုပါ ဆွေးမြည့်နေသည့် စည်ပိုင်းများအတွင်း ရေမြှုပ်၊ ပင်လယ်မှို၊ ကဏန်းနှင့် ရေနက်ပိုင်း အဏုဇီဝပိုးမွှားများ ခိုလှုံနေကြသည်ကိုပါ တွေ့ရှိခဲ့ရပါတယ်။

တိုင်းတာစစ်ဆေးချက်များအရ ရေ၊ အနည်အနှစ်နှင့် ရေနေသတ္တဝါများတွင် စီစီယမ်-၁၃၇ နှင့် ကိုဘော့-၆၀ ကဲ့သို့ ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်များ ပါဝင်နေသော်လည်း အဖွဲ့အတွက် ချက်ချင်းအန္တရာယ်ဖြစ်စေသည့် ပမာဏမဟုတ်ကြောင်း သိရပါတယ်။ သို့သော် ရေရှည်ဂေဟစနစ်နှင့် အစာကွင်းဆက်အပေါ် သက်ရောက်မှုများကိုမူ ဓာတ်ခွဲခန်း၌ အသေးစိတ် ဆက်လက်ဆန်းစစ်လျက်ရှိပြီး ယခုတွေ့ရှိချက်သည် ယခင်ရာစုနှစ်က သမုဒ္ဒရာအတွင်း အမှိုက်စွန့်ပစ်ခဲ့မှု၏ ဆိုးကျိုးများနှင့် အစောပိုင်း နျူကလီးယားခေတ်၏ အဆိပ်သင့် အကြွင်းအကျန်များအပေါ် ပြန်လည်သုံးသပ်ရန် မီးမောင်းထိုးပြနေကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အချစ်ဒရာမာ ရသစုံပါဝင်သည့် “ရုပ်သေးကြိုး” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲ ကျိုက္ကစံဘုရား၌ ကျင်းပ
Next post အစိုးရ ငြိမ်းချမ်းရေးကော်မတီ NSPNC နှင့် MNDAA တို့ နေပြည်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး