// | DailyBriefNews အချစ်ဒရာမာ ရသစုံပါဝင်သည့် “ရုပ်သေးကြိုး” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲ ကျိုက္ကစံဘုရား၌ ကျင်းပ -

အချစ်ဒရာမာ ရသစုံပါဝင်သည့် “ရုပ်သေးကြိုး” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲ ကျိုက္ကစံဘုရား၌ ကျင်းပ

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၆

The Ray Production နှင့် Uni TV တို့ ပူးပေါင်းတင်ဆက်မည့် အချစ်ဒရာမာ ရသစုံပါဝင်သည့် “ရုပ်သေးကြိုး” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံဘုရား အောင်မြေ၌ ကျင်းပခဲ့ပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကို ထက်မြတ်နိုင်ဇင်၏ ဇာတ်လမ်း၊ ဇာတ်ညွှန်းအား ဒါရိုက်တာ နေသူရှိန်၊ တွဲဘက်ဒါရိုက်တာ ဆူးခက်မင်းနှင့် D.O.P သားငယ်တို့က အချစ်၊ ဒရာမာ၊ အက်ရှင် စသည့် ရသစုံပါဝင်အောင် ရိုက်ကူးပုံဖော်လျက်ရှိပြီး အပိုင်း (၂၀) ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။

သရုပ်ဆောင်များအဖြစ် ရဲလွင်ဦး၊ ဇော်ရှိုင်းထက်၊ မင်းအာကာ၊ ညီနန္ဒ၊ ခြူးစစ်ဟန်၊ ဥဩသံသာ၊ ရှင်းလဲ့သျှီ၊ သတ္တိ၊ မင်းသူ၊ လှနုထွန်း၊ ဝါဝါမေမောင် အပါအဝင် အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။ သရုပ်ဆောင် ဇော်ရှိုင်းထက်နှင့် ခြူးစစ်ဟန်တို့ကလည်း ယခုဇာတ်လမ်းသည် ဇာတ်အိမ်ကောင်းမွန်ပြီး ကြိုးစားရိုက်ကူးထားသည့် ဇာတ်ကားတစ်ကားဖြစ်၍ ပရိသတ်များ စောင့်မျှော်ကြည့်ရှုပေးကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျောက်မဲနှင့် သီပေါမြို့များ၌ ပျက်စီးသွားသော လျှပ်စစ် အခြေခံအဆောက်အအုံများအား ပြန်လည်ပြုပြင်၍ ဓာတ်အား ပြန်လည်ဖြန့်ဖြူး
Next post အတ္တလန္တိတ်သမုဒ္ဒရာ အတွင်း၌ ရေဒီယိုသတ္တိကြွ အမှိုက်တန်ချိန် ၁၅၀,၀၀၀ ခန့် နစ်မြှုပ်စွန့်ပစ်ထားသည်ကို တွေ့ရှိ