// | DailyBriefNews ကျောက်မဲနှင့် သီပေါမြို့များ၌ ပျက်စီးသွားသော လျှပ်စစ် အခြေခံအဆောက်အအုံများအား ပြန်လည်ပြုပြင်၍ ဓာတ်အား ပြန်လည်ဖြန့်ဖြူး -

ကျောက်မဲနှင့် သီပေါမြို့များ၌ ပျက်စီးသွားသော လျှပ်စစ် အခြေခံအဆောက်အအုံများအား ပြန်လည်ပြုပြင်၍ ဓာတ်အား ပြန်လည်ဖြန့်ဖြူး

IMG_20260924_144142_252

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နှင့် သီပေါမြို့တို့တွင် TNLA အပါအဝင် အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၂ ရက် နံနက် ၁၁ နာရီမှစ၍ နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ဒေသများတွင် မန်စံ-သီပေါ ဓာတ်အားလိုင်း၊ သီပေါ-ကျောက်မဲ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ထိခိုက်ပျက်စီးခဲ့သဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်တို့မှစတင်ကာ ဓာတ်အားပြတ်တောက်ခဲ့ခြင်း ဖြစ်ပါတယ်။ တပ်မတော်မှ အဆိုပါမြို့များကို ပြန်လည်ထိန်းချုပ်ပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေများဖြင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှစ၍ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

ပြုပြင်ရေးကာလအတွင်း အရေးကြီးနေရာများ၊ ဆေးရုံ၊ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာ ရုံးများသို့ ဒီဇယ်ဓာတ်အားပေးစက်များ၊ နမ့်စောင်းငေါင်း အသေးစား ရေအားလျှပ်စစ်တို့ဖြင့် ယာယီဓာတ်အား ဖြန့်ဖြူးပေးခဲ့ပါတယ်။ ယခုအခါ ကျောက်မဲမြို့ပေါ် ၇ ရပ်ကွက်နှင့် သီပေါမြို့ပေါ် ၁၀ ရပ်ကွက်တို့အပါအဝင် ပြည်သူ့ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာ ရုံးများကို နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ဒေသများကိုပါ ဆက်လက်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post FIFA-ASEAN Cup 2026 ပြိုင်ပွဲတွင် မြန်မာအသင်း တီမောအသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ
Next post အချစ်ဒရာမာ ရသစုံပါဝင်သည့် “ရုပ်သေးကြိုး” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲ ကျိုက္ကစံဘုရား၌ ကျင်းပ