// | DailyBriefNews တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) မှ စစ်ရေယာဉ်များ ချစ်ကြည်ရေးခရီးအဖြစ် ရန်ကုန်မြို့သို့ ရောက်ရှိ -

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) မှ စစ်ရေယာဉ်များ ချစ်ကြည်ရေးခရီးအဖြစ် ရန်ကုန်မြို့သို့ ရောက်ရှိ

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၆

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) 48th PLA Navy Escort Task Group မှ စစ်ရေယာဉ်များသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ရန် စက်တင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပါတယ်။

အဆိုပါ ချစ်ကြည်ရေးခရီးစဉ်တွင် ဖျက်သင်္ဘော Tang Shan၊ ဖရီးဂိတ်စစ်ရေယာဉ် Da Qing နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Tai Hu တို့ ပါဝင်ပြီး အဖွဲ့ခေါင်းဆောင် Senior Captain Xu Fang ဦးစီးသည့် အရာရှိ၊ စစ်သည်များ လိုက်ပါလာကြပါတယ်။

ခရီးစဉ်အတွင်း တရုတ်စစ်ရေယာဉ်အဖွဲ့သည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်မည်ဖြစ်သည့်အပြင် နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်သမ္မတ ရှီကျင့်ဖျင်အား လေဆိပ်၌ ကိုယ်တိုင် သွားရောက်ကြိုဆို
Next post FIFA-ASEAN Cup 2026 ပြိုင်ပွဲတွင် မြန်မာအသင်း တီမောအသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ