// | DailyBriefNews ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း စည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်သွားမည်ဟု ပါတီဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား -

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း စည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်သွားမည်ဟု ပါတီဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း စည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်သွားမည်ဖြစ်ပြီး စည်းလုံးညီညွတ်မှုကို ပြိုကွဲစေသည့် ပြုမူဆောင်ရွက်ချက်များကို ဝိုင်းဝန်းထိန်းသိမ်းကြရန် ပါတီဥက္ကဋ္ဌ ဦးခင်ရီက စက်တင်ဘာလ ၂၀ ရက်တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် ပါတီညီလာခံ ဒုတိယနေ့၌ ထည့်သွင်းပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ကျင်းပခဲ့သည့် အဆိုပါ ညီလာခံ၌ ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီအား ထပ်မံရွေးချယ်ခဲ့ပြီး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမြတ်ဟိန်းနှင့် ဦးသောင်းအေး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးတင်အောင်ချစ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် ဦးအောင်အေးတို့အား ရွေးချယ်အတည်ပြုခဲ့ကြပါတယ်။

ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီအတွင်း စည်းကမ်း၊ အဖွဲ့အစည်းစိတ်ဓာတ်၊ အများဆန္ဒနှင့် တာဝန်ယူတာဝန်ခံမှုတို့ကို အခြေခံ၍ ခေတ်မီပြီး ပြည်သူကို အခြေပြုသော နိုင်ငံရေးပါတီ (Modern People-Centered Political Party) ဖြစ်အောင် ဆောင်ရွက်သွားမည်ဟု ဆိုပါတယ်။ ထို့အပြင် ပါတီလုပ်ငန်းစီမံချက်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ရက် ၉၀ စီမံချက်အပြင် ၁ နှစ်နှင့် ၅ နှစ် စီမံချက်များကို ချမှတ်ထားပြီး၊ အဆိုပါ စီမံချက်များကို Key Performance Indicators (KPI) စနစ်ဖြင့် စနစ်တကျ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူ၊ နိုင်ငံတော်သမ္မတနှင့် ဇနီး သွားရောက်ဖူးမြော်ကြည်ညို
Next post ကာကွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ကနေဒါနှင့် ပြင်သစ် သဘောတူညီ