သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ် ရေဘေး ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း ၁,၀၀၀ လှူဒါန်း


စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို စက်တင်ဘာလ ၁၈ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။


အဆိုပါ လှူဒါန်းပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဥပဿကာအဖြစ် ဆောင်ရွက်ကာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်ထံ လှူဒါန်းပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က သီတဂူဆရာတော်ကြီးထံ ဂုဏ်ပြုလွှာ ပြန်လည်ဆက်ကပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဆရာတော်ကြီးအား ဝါဆိုသင်္ကန်းနှင့် သီတဂူမျက်စိ အလှူတော်အတွက် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါတယ်။



