// | DailyBriefNews ဖလမ်းမြို့တွင် မြို့ပေါ်လူဦးရေ၏ ၂၁ ဒသမ ၆၄ ရာခိုင်နှုန်းအထိ ပြန်လည်နေထိုင်လာ -

ဖလမ်းမြို့တွင် မြို့ပေါ်လူဦးရေ၏ ၂၁ ဒသမ ၆၄ ရာခိုင်နှုန်းအထိ ပြန်လည်နေထိုင်လာ

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၆

ဖလမ်းမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသည် မေလ ၆ ရက်မှစတင်၍ နေရပ်သို့ နေ့စဉ် ပြန်လည်ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ၁၇ ရက်အထိ ဖလမ်းမြို့ပေါ် လူဦးရေ၏ ၂၁ ဒသမ ၆၄ ရာခိုင်နှုန်း နေရပ်သို့ ပြန်လည်နေထိုင်နေပြီဖြစ်ကြောင်း သိရပါတယ်။

ထိုသို့ ပြန်လည်ရောက်ရှိလာသည့် ဒေသခံပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ဒေသခံပြည်သူ ၁၁၁ ဦး၏ အချက်အလက်များ ကောက်ယူနေမှုကို ကြည့်ရှုအားပေးကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဖလမ်းမြို့တွင် အခြေခံအဆောက်အအုံများ ပြုပြင်ခြင်းနှင့် နေရပ်ပြန်ပြည်သူများအား ကူညီထောက်ပံ့ခြင်းများကို အလေးပေး ဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာရုံးများလည်း ပုံမှန် ပြန်လည်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ် ရေဘေး ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း ၁,၀၀၀ လှူဒါန်း
Next post တရုတ်-အာဆီယံနိုင်ငံများအကြား ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး