// | DailyBriefNews ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်နှင့် တံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ -

ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်နှင့် တံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၆

စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅) မှ သင်တန်းသားများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ (၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း သားကောင်းများအား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
Next post သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ် ရေဘေး ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း ၁,၀၀၀ လှူဒါန်း