// | DailyBriefNews မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး -

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း သည် စက်တင်ဘာလ ၁၅ ရက်က ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan Smilgin နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

ထို့ပြင် ဒုတိယဝန်ကြီးသည် “Belplemzhivoboe-dinenie” နို့စားနွားမျိုး ထုတ်လုပ်မှုအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နို့စားနွားမျိုး ထုတ်လုပ်မှု၊ အစာထုတ်လုပ်မှုဆိုင်ရာများကို ဆွေးနွေးခဲ့ပြီး နွားမျိုးရည်ထုတ် ဓာတ်ခွဲခန်းကို လေ့လာခဲ့သကဲ့သို့ Minsk Tractor Plant သို့လည်း သွားရောက်၍ ထွန်စက်ထုတ်လုပ်မှုနှင့် အရည်အသွေးပိုင်းဆိုင်ရာများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနား မြိတ်မြို့၌ ကျင်းပ
Next post ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်နှင့် တံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ