ဒုတိယသမ္မတ ဦးညိုစော (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် စီးပွားရေး/ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြား

စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၆
(၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို မနေ့က ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် တရုတ်နိုင်ငံ၊ နန်နင်းမြို့ရှိ နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ကျင်းပခဲ့ရာ ဒုတိယသမ္မတ ဦးညိုစော တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အဆိုပါ အခမ်းအနားသို့ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ အကြီးအကဲများလည်း တက်ရောက်၍ အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြပါတယ်။


ထို့အပြင် မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပသည့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၏ တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များ ဖိုရမ်သို့လည်း ဒုတိယသမ္မတသည် အာဆီယံနိုင်ငံများမှ ဖိတ်ကြားထားသော နိုင်ငံ့အကြီးအကဲများနှင့်အတူ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။
