// | DailyBriefNews မဲခေါင် - လန်ချန်း သတင်းတု၊ သတင်းမှား ကင်းစင်ရေး လှုပ်ရှားမှုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လူမှုအကျိုးပြုထူးချွန်ဆု ရရှိ -

မဲခေါင် – လန်ချန်း သတင်းတု၊ သတင်းမှား ကင်းစင်ရေး လှုပ်ရှားမှုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လူမှုအကျိုးပြုထူးချွန်ဆု ရရှိ

စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၆

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ယမန်နေ့က ကျင်းပခဲ့သည့် မဲခေါင်-လန်ချန်း ဒေသတွင်း သတင်းတု၊ သတင်းမှား ကင်းစင်ရေး လှုပ်ရှားမှုဖိုရမ်နှင့် အကြောင်းအရာ ဖန်တီးမှု (Content) ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံမှ လူမှုအကျိုးပြု ထူးချွန်ဆု (Best Public Impact Award) ဆွတ်ခူးရရှိခဲ့ပါတယ်။

၂၀၂၆ ခုနှစ်အတွက် “Zero Fake News Forum and Awards Contents 2026” ပြိုင်ပွဲကို မဲခေါင်-လန်ချန်း ဒေသတွင်း ၆ နိုင်ငံမှ ပြိုင်ပွဲဝင် ၂၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ထိုပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးဇင်ဦး က “Impact of Online Crimes, Fake News and Misinformation on the Socio-economic Lives of Mekong-Lancang Regional Countries” ခေါင်းစဉ်ပါ ဆောင်းပါးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အဆိုပါ ထူးချွန်ဆုကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒုတိယသမ္မတ ဦးညိုစော (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် စီးပွားရေး/ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြား
Next post ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများအတွက် ပန်းရောင်မှတ်ပုံတင်ကတ်ပြား တရားမဝင် ပြုလုပ်ပေးသည့် ကွန်ရက်ကို ဖမ်းဆီးရမိ