// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည် -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်

စက်တင်ဘာလ ၉ ရက်၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရပါတယ်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ၏ အထက်လွှတ်တော် ဥက္ကဋ္ဌ (ယာယီနိုင်ငံတော် အကြီးအကဲ)၊ ဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်ပြီး၊ ကမ္ဘောဒီးယားနိုင်ငံရှိ အထင်ကရနေရာများနှင့် ရှေးဟောင်းဘုရားများကိုလည်း လေ့လာဖူးမြော်သွားမည် ဖြစ်ပါတယ်။

အဆိုပါ ခရီးစဉ်အတွင်း မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာရေး၊ နှစ်နိုင်ငံ အစိုးရများအကြား၊ လွှတ်တော်များနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့အပြင် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ကာ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှု ပိတ်ဆို့ရေးလုပ်ငန်းများ၌ Steel Sheet Pile ရိုက်သွင်းခြင်း အပြီးသတ်ပြီးစီး၍ ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ပြီဖြစ်
Next post မြန်မာနယ်စပ်အနီး ကမ်ဂျုန်းခရိုင်ရှိ ကျေးရွာ သုံးရွာ တိုက်ခိုက်ခံရမှုကို ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေကြောင်း မဏိပူရ် ပြည်ထဲရေးဝန်ကြီး ပြောကြား