// | DailyBriefNews အသက် ၄၄ နှစ်ပြည့် မွေးနေ့၌ “အချစ်” Music Video အား ပရိသတ်အတွက် လက်ဆောင်အဖြစ် တင်ဆက်လိုက်သည့် အကယ်ဒမီ မယ်လိုဒီ -

အသက် ၄၄ နှစ်ပြည့် မွေးနေ့၌ “အချစ်” Music Video အား ပရိသတ်အတွက် လက်ဆောင်အဖြစ် တင်ဆက်လိုက်သည့် အကယ်ဒမီ မယ်လိုဒီ

စက်တင်ဘာလ ၇ ရက်၊ ၂၀၂၆

အနုပညာလမ်းကြောင်းပေါ်တွင် ပရိသတ်၏ ချစ်ခင်အားပေးမှုများစွာ ရရှိထားသည့် မင်းသမီး အကယ်ဒမီ မယ်လိုဒီသည် စက်တင်ဘာ ၆ ရက်တွင် ကျရောက်သည့် သူမ၏ အသက် ၄၄ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် “အချစ်” တေးသီချင်း၏ Music Video ကို ပရိသတ်များထံ လက်ဆောင်ပေးလိုက်ပါတယ်။

အဆိုပါ “အချစ်” တေးသီချင်းကို တေးရေးဆရာ Mahaw က ရေးသားပေးထားပြီး Music Producer Mahaw၊ Mixing & Mastering မျိုးဇော်ထက်နှင့် Studio Platinum တို့က ဖန်တီးပုံဖော်ထားခြင်းဖြစ်ကာ၊ စက်တင်ဘာ ၆ ရက်တွင် Academy Melody ၏ Facebook၊ TikTok နှင့် YouTube Channel တို့၌ တင်ဆက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းတွင် အောင်မြင်မှုရရှိထားသည့် မယ်လိုဒီသည် ဂီတပိုင်းတွင်လည်း တေးရေး ထူးအိမ်သင် ရေးသားသည့် “ခွင့်မပြု” နှင့် တေးရေး သိန်းလင်းစိုး ရေးသားသည့် “မင်းပျော်လား” စသည့် တေးသီချင်းများကို ထွက်ရှိထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဘိုလီးဗီးယား စစ်စခန်းတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းဆုံး ၂ ဦး သေဆုံးကာ ၅၈ ဦး ဒဏ်ရာရ
Next post အာနက်ကရာကာတော မီးတောင်ပြာများကြောင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာနှင့် လမ်ပွန် လေဆိပ်များတွင် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်း