// | DailyBriefNews အီဂျစ်နိုင်ငံ၏ ခရီးသွားများကြား ရေပန်းစားသော ဆိုင်းနိုင်းကျွန်းဆွယ်တွင် ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရ -

အီဂျစ်နိုင်ငံ၏ ခရီးသွားများကြား ရေပန်းစားသော ဆိုင်းနိုင်းကျွန်းဆွယ်တွင် ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရ

viber_image_2026-09-02_13-52-18-648

စက်တင်ဘာလ ၃ ရက်၊ ၂၀၂၆

အီဂျစ်နိုင်ငံ တောင်ပိုင်း ဆိုင်းနိုင်းကျွန်းဆွယ်ရှိ ဒါဟပ်-နျူဝေဘာ (Dahab-Nuweiba) လမ်းမကြီးပေါ်တွင် စက်တင်ဘာလ ၂ ရက်က ဘတ်စ်ကားတစ်စီး မတော်တဆမှု ဖြစ်ပွားခဲ့ရာ လူ ၁၆ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ တောင်ပိုင်း ဆိုင်းနိုင်းကျွန်းဆွယ်ဒေသသည် ပင်လယ်နီအတွင်း ရေငုပ်ခရီးသွားများအကြား အထူးရေပန်းစားသည့်နေရာဖြစ်ပြီး၊ ဖြစ်စဉ် ဖြစ်ပွားရာသို့ လူနာတင်ယာဉ် အစီး ၂၀ စေလွှတ်၍ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိတွင် သေဆုံး/ဒဏ်ရာရရှိသူများ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် နိုင်ငံသား မည်သည့်အမျိုးအစားဖြစ်သည်ကို အာဏာပိုင်များက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

အီဂျစ်နိုင်ငံ၌ လမ်းဘေးအန္တရာယ် မကြာခဏ ဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့် ဩဂုတ်လကလည်း အစ္စမေးလီးယား ပြည်နယ်တွင် ယာဉ်မတော်တဆမှုကြောင့် လူ ၁၅ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံအစိုးရက နီပေါနှင့် တရုတ်နယ်စပ် သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ဒေါ်လာ ၅ သိန်းနှင့် စားသောက်ကုန်များ လှူဒါန်း
Next post မလေးရှား ပီနန်လေဆိပ်ရဲ့ အိမ်သာအတွင်း မွေးကင်းစကလေး စွန့်ပစ်မှုဖြင့် မလေးရှားအမျိုးသမီးနှင့် မြန်မာအမျိုးသားတို့ကို ဖမ်းဆီး