// | DailyBriefNews မြန်မာနိုင်ငံအစိုးရက နီပေါနှင့် တရုတ်နယ်စပ် သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ဒေါ်လာ ၅ သိန်းနှင့် စားသောက်ကုန်များ လှူဒါန်း -

မြန်မာနိုင်ငံအစိုးရက နီပေါနှင့် တရုတ်နယ်စပ် သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ဒေါ်လာ ၅ သိန်းနှင့် စားသောက်ကုန်များ လှူဒါန်း

စက်တင်ဘာလ ၃ ရက်၊ ၂၀၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသမှ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် အလှူငွေနှင့် စားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းက တပ်မတော် လေယာဉ် Y-8 ဖြင့် ရန်ကုန်မြို့မှ နီပေါနိုင်ငံ ကတ္တမန္ဒူးမြို့ရှိ Tribhuvan International Airport (KTM) သို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါ လှူဒါန်းမှုကို နိုင်ငံတော်အစိုးရ ကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးနှင့် တာဝန်ရှိသူများက သွားရောက် ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးက နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာနမှ ဝန်ကြီးထံ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ငါးသိန်းနှင့်အတူ မတ်ပဲ ငါးတန်၊ ကုလားပဲ သုံးတန်တို့ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်သည်၊ ကျောင်းသား၊ ကျောင်းသူ ထူးချွန်ဆုရရှိသူများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
Next post အီဂျစ်နိုင်ငံ၏ ခရီးသွားများကြား ရေပန်းစားသော ဆိုင်းနိုင်းကျွန်းဆွယ်တွင် ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရ