// | DailyBriefNews ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်သမ္မတ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် -

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်သမ္မတ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

စက်တင်ဘာလ ၁ ရက်၊ ၂၀၂၆

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မတ ကိုယ်တိုင် တက်ရောက်၍ အမှာစကား ပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာ၌ နိုင်ငံသားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှုနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထား ထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများသည် အဓိကကျကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

source:HOS

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိန္ဒိယ အာသံပြည်နယ်တွင် မြန်မာနိုင်ငံမှ ဝင်ရောက်လာသည့် ရူပီး ၃,၂၅၃ ကုဋေတန် မူးယစ်ဆေးဝါးများ သိမ်းဆည်းမိ
Next post ဒုတိယသမ္မတ ဦးညိုစော (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် တက်ရောက်ရန် ရုရှားနိုင်ငံသို့ ထွက်ခွာ