// | DailyBriefNews ကင်ညာမှာ ရဟတ်ယာဉ် ပျက်ကျလို့ အီကွေဒေါ ထောက်လှမ်းရေးအကြီးအကဲနဲ့ အမေရိကန် ၅ ဦးအပါအဝင် ၇ ဦး သေဆုံး -

ကင်ညာမှာ ရဟတ်ယာဉ် ပျက်ကျလို့ အီကွေဒေါ ထောက်လှမ်းရေးအကြီးအကဲနဲ့ အမေရိကန် ၅ ဦးအပါအဝင် ၇ ဦး သေဆုံး

photo_2026-08-20_09-54-30

ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၆

ကင်ညာနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသတစ်ခုမှာ ဩဂုတ် ၁၉ ရက်က ဆာဖာရီ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် အီကွေဒေါ ထောက်လှမ်းရေးအကြီးအကဲနဲ့ အမေရိကန်နိုင်ငံသား ၅ ဦး အပါအဝင် လေယာဉ်ပေါ်ပါလာသူ ၇ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။

Eurocopter EC130 B4 အမျိုးအစား ရဟတ်ယာဉ်ဟာ လွိုင်ဆာဘာ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကနေ ထွက်ခွာလာပြီး အီဝါဆို ညီရိုဒေသဆီ အသွား၊ Mount Olololwe တောင်ခြေနားမှာ နံနက် ၉ နာရီ ၁၃ မိနစ်လောက်က ပျက်ကျခဲ့တာပါ။

သေဆုံးသွားသူတွေထဲမှာ အီကွေဒေါနိုင်ငံ အမျိုးသားထောက်လှမ်းရေးအကြီးအကဲ မစ်ချယ်လ် ဆန်ဆီ ကွန်တူဂီ (Michele Sensi-Contugi) နဲ့ အမေရိကန်နိုင်ငံသား ဖြစ်နေတဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်အခြေစိုက် ရုပ်မြင်သံကြားလိုင်း Telemundo ရဲ့ အမှုဆောင်အရာရှိတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ရဟတ်ယာဉ်ဟာ သစ်ပင်၊ ချုံပုတ်တွေ ထူထပ်တဲ့ တောအုပ်ထဲ ပျက်ကျပြီး မီးလောင်ခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ ဝင်ရောက်ဖို့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။

လက်ရှိမှာတော့ ကင်ညာ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး၊ အမေရိကန်သံရုံးကလည်း သေဆုံးသူ မိသားစုဝင်တွေအတွက် ကောင်စစ်ဝန်ရုံး အကူအညီတွေ ပေးအပ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှတစ်ဆင့်ဘယ်လာရုစ်နိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီး ဆက်လက်ထွက်ခွာ
Next post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ