// | DailyBriefNews ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ

ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၆

နိုင်ငံတော်သမ္မတဟာ ဘယ်လာရုစ်နိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုရဲ့ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်ဖို့ နံနက်ပိုင်းမှာ မော်စကိုမြို့ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာခဲ့ပြီး မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။

လေဆိပ်မှာတော့ နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Viktor Karankevich အပါအဝင် တာဝန်ရှိသူတွေ၊ နှစ်နိုင်ငံ သံအမတ်ကြီးတွေနဲ့ သံရုံးဝန်ထမ်းတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။ ဒါ့အပြင် လေဆိပ်မှာပဲ ဘယ်လာရုစ်နိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က တရားဝင်ခရီးစဉ် လာရောက်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ကြိုဆိုတဲ့ အစဉ်အလာအတိုင်း ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကင်ညာမှာ ရဟတ်ယာဉ် ပျက်ကျလို့ အီကွေဒေါ ထောက်လှမ်းရေးအကြီးအကဲနဲ့ အမေရိကန် ၅ ဦးအပါအဝင် ၇ ဦး သေဆုံး
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘယ်လာရုစ်ဝန်ကြီးချုပ် H.E. Mr. Alexander Turchin ဂါရဝပြုတွေ့ဆုံ