// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုက အာကာသပြတိုက်ကို သွားရောက်ကြည့်ရှုလေ့လာ -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုက အာကာသပြတိုက်ကို သွားရောက်ကြည့်ရှုလေ့လာ

ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ ရုရှားနိုင်ငံကို တရားဝင် ခရီးစဉ် ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ဩဂုတ် ၁၉ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ မော်စကိုမြို့မှာရှိတဲ့ Memorial Museum of Cosmonautics (အာကာသမှတ်တမ်းပြတိုက်) ကို သွားရောက် ကြည့်ရှုလေ့လာခဲ့ပါတယ်။

ပြတိုက်ကို ရောက်ရှိစဉ်မှာတော့ ရုရှားနိုင်ငံရဲ့ အာကာသ စူးစမ်းလေ့လာရေး သမိုင်းဝင် ပြခန်းတွေ၊ ခင်းကျင်းပြသထားတဲ့ အာကာသယာဉ်ငယ်တွေနဲ့ အာကာသနည်းပညာဆိုင်ရာ အသုံးအဆောင် ပစ္စည်းတွေကို လှည့်လည် ကြည့်ရှုခဲ့တာပါ။ ဒါ့အပြင် တာဝန်ရှိသူတွေရဲ့ ရှင်းလင်းပြောကြားချက်တွေကို စိတ်ပါဝင်စားစွာ နားထောင်ခဲ့ပြီး သိချင်တာတွေကိုလည်း ပြန်လည် မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ–ရုရှား အာကာသ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ Roscosmos ညွှန်ကြားရေးမှူးချုပ် တိုက်ရိုက်ဆွေးနွေး
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ နှင့် သင်တန်းသားများနှင့် တွေ့ဆုံ