// | DailyBriefNews မြန်မာ–ရုရှား အာကာသ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ Roscosmos ညွှန်ကြားရေးမှူးချုပ် တိုက်ရိုက်ဆွေးနွေး -

မြန်မာ–ရုရှား အာကာသ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ Roscosmos ညွှန်ကြားရေးမှူးချုပ် တိုက်ရိုက်ဆွေးနွေး

ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံကို တရားဝင် ခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဆီကို ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း (Roscosmos) ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Vladimirovich Bakanov က ဩဂုတ် ၁၉ ရက်မှာ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံအကြား အာကာသသိပ္ပံနဲ့ နည်းပညာ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့်သွားဖို့၊ လက်ရှိ စတင်နေတဲ့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကိုလည်း ဆက်လက် အကောင်အထည်ဖော်သွားဖို့နဲ့ နှစ်နိုင်ငံ အာကာသနည်းပညာ ကဏ္ဍကို ရေရှည် ခိုင်မာတိုးတက်လာစေဖို့အတွက် ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရုရှား-မြန်မာ စီးပွားရေးဖိုရမ် ၂၀၂၆ မော်စကိုမြို့၌ကျင်းပ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုက အာကာသပြတိုက်ကို သွားရောက်ကြည့်ရှုလေ့လာ