နာမည်ကြီး အနုပညာရှင်များစွာ ပါဝင်ဆော့ကစားမည့် “ရေဘေးသင့်ပြည်သူများ ကူညီရေးရန်ပုံငွေ ဘောလုံးပွဲ” ကို လာမည့် ဩဂုတ်လ ၂၄ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည်

ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၆
နာမည်ကြီး အနုပညာရှင်များစွာ ပါဝင်ဆော့ကစားမည့် “ရေဘေးသင့်ပြည်သူများ ကူညီရေးရန်ပုံငွေ ဘောလုံးပွဲ” ကို လာမည့် ဩဂုတ်လ ၂၄ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါပွဲတွင် “M10” (မက်ဆီပရိသတ် အနုပညာရှင်များအသင်း) နှင့် “R7” (ရော်နယ်ဒိုပရိသတ် အနုပညာရှင်များအသင်း) တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး M10 အသင်းတွင် ကျော်ကျော်ဗိုလ်၊ သူထူးစံ၊ ဖိုးချစ်၊ ဖြိုးလေး၊ ယုန်လေး အပါအဝင် အနုပညာရှင်များ၊ R7 အသင်းတွင် ထွန်းထွန်း၊ မိုးယံဇွန်၊ လွှမ်းပိုင်၊ နေဝင်း၊ နိုင်းနိုင်း အပါအဝင် အနုပညာရှင်များ ပါဝင်ဆော့ကစားကြမည်ဖြစ်ပါတယ်။ လာရောက်ကြည့်ရှုသူများအနေဖြင့် ရေဘေးကူညီရေးအတွက် မိမိတို့ စေတနာအလျောက် အလှူငွေ ထည့်ဝင်နိုင်ပြီး အဆိုပါပွဲစဉ်ကို MRTV-4 နှင့် Pyone Play တို့မှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။
