မြဝတီ၌ အွန်လိုင်းလိမ်လည်လောင်းကစား ပြုလုပ်သူ ၇၇၇ ဦး ဖမ်းဆီးရမိ၊ သက်သေခံ ပစ္စည်းများကို မီးရှို့ဖျက်ဆီး

ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ တားဆီးကာကွယ်ရေးအတွက် တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးနှင့် သတင်းအရ ရှင်းလင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။




ထိုသို့ ဆောင်ရွက်ရာတွင် တာဝန်သိ ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက် ပူးပေါင်းပါဝင်မှုများဖြင့် ဇူလိုင်လ ၂၇ ရက်နေ့က အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်ရာတွင် အသုံးပြုသည့် လူနေအဆောက်အအုံ ၈ လုံးကို ဝင်ရောက်ရှင်းလင်းခဲ့သည်။ အဆိုပါ ရှင်းလင်းမှုအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသူ အမျိုးသား ၆၅၂ ဦး၊ အမျိုးသမီး ၁၂၅ ဦး၊ စုစုပေါင်း ၇၇၇ ဦးတို့ကို လုပ်ငန်းသုံး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။




ထို့အပြင် ဖမ်းဆီးရမိစဉ် ကမ်းလှမ်းသိမ်းဆည်းရရှိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ငန်းသုံးပစ္စည်းများဖြစ်သော ကွန်ပျူတာ ၈၅ လုံး၊ ဖုန်းမျိုးစုံ ၁၈၃ လုံးနှင့် Star Link ၁ လုံးတို့ကို နောက်ထပ် ပြန်လည်အသုံးပြုနိုင်ခြင်း မရှိစေရန်အတွက် ဩဂုတ်လ ၁၂ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
