// | DailyBriefNews ပီရူးနိုင်ငံ မြို့တော်လီမာတွင် အိမ်မီးလောင်မှု ဖြစ်ပွားရာမှ လူ ဆယ်ဦးသေဆုံး -

ပီရူးနိုင်ငံ မြို့တော်လီမာတွင် အိမ်မီးလောင်မှု ဖြစ်ပွားရာမှ လူ ဆယ်ဦးသေဆုံး

ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၆

ပီရူးနိုင်ငံ မြို့တော်လီမာမှာရှိတဲ့ လာ ဗစ်တိုရီးယာ (La Victoria) ခရိုင်ထဲက အိမ်တစ်လုံးမှာ ဇူလိုင်လ ၂၂ ရက် နံနက်အစောပိုင်းတုန်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၀ ဦး သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီမီးလောင်မှုဟာ လီမာမြို့ရဲ့ ဝင်ငွေနည်းရပ်ကွက်မှာရှိတဲ့ မိသားစုအိမ်တစ်လုံးမှာ ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူတွေရဲ့ ဆွေမျိုးတွေပြောပြချက်အရ သေဆုံးသူ ၁၀ ဦးထဲမှာ အရွယ်ရောက်ပြီးသူ ၅ ဦးနဲ့ ကလေး ၅ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် INDECI မြို့ပြကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ နောက်ထပ် လူ ၂ ဦးလည်း ဒဏ်ရာရခဲ့ပါသေးတယ်။

ပီရူးသတင်းဌာန El Comercio ရဲ့ ဖော်ပြချက်အရ မီးသတ်တပ်ဖွဲ့ ကိုးဖွဲ့က မီးငြှိမ်းသတ်ဖို့ ရောက်ရှိလာခဲ့ပေမဲ့ အိမ်ထဲမှာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေရှိနေတာ၊ အိမ်ပြင်မှာ ရပ်ထားတဲ့ ကားတွေဆီ မီးကူးစက်သွားတာတွေကြောင့် မီးအရှိန် မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့တာပါ။

ဒေသခံ မီဒီယာတွေကတော့ ဒီမီးလောင်မှုကို ဒေသခံ စီးပွားရေးလုပ်ငန်းတွေကို ခြိမ်းခြောက်နေတဲ့ ငွေညှစ်သူတွေက စတင်မီးရှို့ခဲ့တာလို့ ဖော်ပြနေကြပါတယ်။ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ ဗိုလ်မှူးကြီး ဂျွန်လူဂျန် ကလည်း ငွေညှစ်မှုနဲ့ ဆက်စပ်နေတာဟာ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဟုတ်ပါတယ်လို့ အတည်ပြုပြောထားပါတယ်။

အာဏာပိုင်တွေဘက်ကတော့ မီးလောင်မှုဖြစ်ရတဲ့ မူလအစ၊ အခြေအနေတွေနဲ့ အကြောင်းရင်းအမှန်ကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ရဲမှူးကြီး အော်စကာ အရီအိုလာ က မီဒီယာတွေကို ပြောခဲ့ပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ မီးလောင်အပျက်အစီးနေရာကို ဇူလိုင်လ ၂၂ ရက်နေ့မှာ ပီရူးနိုင်ငံရေးသမား ကီကို ဖူဂျီမိုရီ သွားရောက်ကြည့်ရှုခဲ့ပြီး ဒါဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူမက “ပြည်သူတွေ တောင်းဆိုနေတာက တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပါ။ အဲဒါက ကျွန်မတို့ ရှေ့အပတ်မှာ ပထမဆုံး လုပ်ဆောင်မယ့်အရာပါ” လို့ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ယာဉ်အိုယာဉ်ဟောင်း ၈၀,၀၀၀ ကို EV ယာဉ်များဖြင့်လဲလှယ်ရန် ဘတ် ၂၄ ဘီလျံတန်စီမံကိန်းကို ထိုင်းစတင် ဆန်းစစ်ဆောင်ရွက်နေ
Next post မြန်မာအမျိုးသမီးအသင်း စက်တင်ဘာ ၁၄ ရက်မှာ တောင်ကိုရီးယားအသင်းနဲ့ စတင်ကစားရမယ်