// | DailyBriefNews အားကစားသည် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် နိုင်ငံတကာချစ်ကြည်ရေး မြှင့်တင်ရာတွင် အရေးပါကြောင်း ဒုတိယဝန်ကြီးပြော -

အားကစားသည် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် နိုင်ငံတကာချစ်ကြည်ရေး မြှင့်တင်ရာတွင် အရေးပါကြောင်း ဒုတိယဝန်ကြီးပြော

ဇူလိုင် ၇၊ ၂၀၂၆

အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးရာတွင် အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ/အထွေထွေအတွင်းရေးမှူး ဦးညီညီက ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၆ ရက်က ဖွင့်လှစ်သည့် Strengthening International Communication Skills for Staff သင်တန်းဖွင့်ပွဲတွင် ၎င်းက အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားသမားများ၏ စွမ်းဆောင်ရည်သာမက အားကစားစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ၏ အရည်အသွေးမြှင့်တင်ရေးသည်လည်း အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် နိုင်ငံတကာအဆင့် အားကစားအဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုနှင့် သံတမန်ဆက်ဆံရေးစွမ်းရည်များ မရှိမဖြစ်လိုအပ်ကြောင်း၊ ယခုသင်တန်းကို အာရှအိုလံပစ်ကောင်စီ၏ ပံ့ပိုးမှုဖြင့် ဇူလိုင် ၆ ရက်မှ ဩဂုတ် ၃၁ ရက်အထိ သင်တန်းသား/ သင်တန်းသူ ၂၇ ဦးအား ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ထူးချွန်သူများကို ဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အပူလှိုင်း ရိုက်ခတ်ပြီးနောက် ဥရောပတောင်ပိုင်းတစ်လွှားရှိ တောမီးလောင်ကျွမ်းမှုများကို မီးသတ် သမားများ ငြှိမ်းသတ်နေရ
Next post တရုတ်နိုင်ငံတွင် ပြင်းထန်သော မုန်တိုင်းများကြောင့် လေဆင်နှာမောင်းနှင့် မြေပြိုမှုများဖြစ်ပွားကာ လူ ၁၅ ဦး သေဆုံး